DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို မူဆယ်မြို့တွင် ရိုးရာအကများဖြင့် ကြိုဆို (ရုပ်သံ)
DVB
·
July 23, 2016
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို မူဆယ်မြို့တွင် ရိုးရာအကများဖြင့် ကြိုဆို (ရုပ်သံ)
Donate to DVB

ကချင်ပြည်နယ် မိုင်ဂျာယန်ညီလာခံတက်မယ့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့က ကိုယ်စားလှယ်တွေ ဒီနေ့ မူဆယ်မြို့ကို စတင်ရောက်ရှိနေကြပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပမယ့် ကချင်ပြည်နယ် မိုင်ဂျာယန်ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းက တိုင်းရင်းသားပါတီ ၂ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

လက်ရှိမှာ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ မူဆယ်မြို့ကို ရောက်ရှိနေကြပြီး လာရှိုးမြို့ကတဆင့် အခြားတိုင်းရင်းသားအဖွဲ့တွေကလည်း မူဆယ်မြို့ကို လာရောက်နေကြပြီလို ကချင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဦးမရန်နော်ဂျာက ပြောပါတယ်။

မူဆယ်မြို့ကို ရောက်ရှိလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကို ကချင်စာပေနဲပယဉ်ကျေးမှုအဖွဲ့က တိုင်းရင်းသားရိုးရာ အကတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။

မူဆယ်ကနေ မိုင်ဂျာယန်ကိုသွားရောက်ဖို့ တရုတ်ပြည်ကနေတဆင့် သွားရောက်ကြမှာဖြစ်လို့  လိုအပ်တဲ့ သွားလာရေးအတွက် အမှတ်(၇) လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ မူဆယ်မြို့အပါအဝင် အုပ်ချုပ်ရေးပိုင်းက ကူညီလုပ်ဆောင်ပေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013