DVB Logo
Home
မြန်မာသတင်း
မြ၀တီနယ်စပ်ဂိတ်တွင် အမျိုးသားရေးစိတ်ဓာတ်မြင့်မာရေး နိုင်ငံတော်သီချင်း စတင်ဖွင့်လှစ်
DVB
·
July 23, 2016
မြ၀တီနယ်စပ်ဂိတ်တွင် အမျိုးသားရေးစိတ်ဓာတ်မြင့်မာရေး နိုင်ငံတော်သီချင်း စတင်ဖွင့်လှစ်
1 / 5
Donate to DVB

ထိုင်း မြန်မာ မြဝတီနယ်စပ် ချစ်ကြည်ရေးဂိတ်မှာ အမျိုးသားစိတ်ဓာတ်မြင့်မားရေးအတွက် နေ့စဉ်နိုင်ငံတော်သီချင်းကို စတင်ဖွင့်လှစ်နေပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ကစပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီ ချစ်ကြည့်ရေး တံတားမှာ နိုင်ငံတော်သီချင်းဖွင့်ပြီး လေးပြုနေကြတာပါ။

ပျောက်ကွယ်နေတဲ့ နိုင်ငံတော်သီးချင်းဆို အလေးပြုနေတဲ့ အလေ့အထကို သူပြည်တွေကော တဖက်နိုင်ငံက လာကြတဲ့ သူတွေသိပြုမိအောင် စီစဉ်ဆောင်ရွက်တာလို့ မြ၀တီ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။

“ကိုယ့်နိုင်ငံတော်ရဲ့ အလံကို အလေးထားပြီးတော့ တနိုင်ငံလုံး အလေးပြုတဲ့ အလေ့အထတွေဖြစ်သွားအောင် ရည်ရွယ်ချက်နဲ့ ချစ်ကြည်ရေးတံတားမှာ လုပ်ရတာဖြစ်ပါတယ်။ အခုဆိုရင်လည်း ခရိုင်အုပ်ချပ်ရေးမှူးညွှန်ကြားချက်နဲ့ ရပ်ကွက်မှာလည်း လုပ်နေပြီ၊ အခုချစ်ကြည်ရေးတံ ကစပြီး တိုင်းပြည်လုံးလုပ်စေချင်တဲ့ အနေနဲ့ လုပ်ရတာဖြစ်ပါတယ်။”

နိုင်ငံတော်သီချင်းကို မနက် ၉  နာရီခွဲ နဲ့ ညနေ ၃ နာရီခွဲ တရက် ၂ ကြိမ်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

ဒေသခံတဦးဖြစ်တဲ့ ဦးချစ်လှိုင်က “နယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံကိုသွားရင်လည်း သူတို့ အလံတင်တဲ့အခါမှာ ကျနော်တို့ ကားပေါ်ကနေဆင်းပြီး အရေးပြုရတာပဲ။ ကျနော်တို့နိုင်ငံမှာတော့ ပိုလုပ်သင့်တာပေါ့၊ နိုင်ငံသီချင်းဖွင့်တဲ့ အချိန်မှာ အားလုံးအလေးပြုမယ်ဆိုရင် အင်မတန် ကောင်းတဲ့ အလေ့အထတခုပါ။ ကိုယ့်အလံကို ကိုယ်က သတိမမူဘူးဆိုရင် သူများက ကိုယ့်နိုင်ငံအလံကို ဘယ်လိုမှ လာအလေးမပြုကူပါဘူး။

ဒီအစီအစဉ်ကို မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားချက်နှဲ့ ဆောင်ရွက်နေတာပါ။ နောက်ပိုင်းမှာတော့ နိုင်ငံတဝန်းက နယ်စပ်တွေမှာလည်း အခုလို နိုင်ငံတော်သီချင်းဖွင့်လှစ်နိုင်ဖို့ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013