DVB Logo
Home
မြန်မာသတင်း
Enet Queen အဖြစ် မဟောက်ခမ်းနွမ်ကို ရွေးချယ်
DVB
·
July 23, 2016
Enet Queen အဖြစ် မဟောက်ခမ်းနွမ်ကို ရွေးချယ်
1 / 7
Donate to DVB

ချင်းပြည်နယ်အတွက် ရည်ရွယ်တဲ့ Enet Queen ရွေးချယ်ပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့မှာ  ဒီနေ့ ကျင်းပခဲ့ပြီး ချင်းတိုင်းရင်းသူလေး မဟောက်ခမ်းနွမ် (ခ) ဘေဘီလေးက ရရှိခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ပွဲကိုတော့ ၂၀၁၅ ခုနှစ် Miss Universl Myanmar ဆုရှင် မေဘရဏီသော် ကိုယ်တိုင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ပေးခဲ့ပြီး ကလေးတက္ကသိုလ် ပထမနှစ် ပထ၀ီဘာသာ အထူးပြု ကျောင်းသူ ချင်းတိုင်းရင်းသူလေး မဟောက်စမ်းနွမ် (ခ) ဘေဘီလေးကို Enat Queen အဖြစ် ရွေးချယ်သွားခဲ့ပါတယ်။

ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကလေးမြို့နယ်မှာ ကျင်းပပြုလုပ်ရတာလို့ Enat Queen ရွေးချယ်ပွဲ Brand Manager မတင်ဇာလွင်က ပြောကြားခဲ့ပါတယ်။

“ကလေးမြို့ဟာ ချင်းပြည်နယ်ထဲမှာတော့ မပါပါဘူး။ ဒါပေမယ့် ကလေးမြို့က ချင်းပြည်နယ်နဲ့ နီးတယ်။ နောက်ပြီး ချင်းတိုင်းရင်းသား အများစုလည်း နေထိုင်တဲ့ မြို့ဖြစ်လို့ ဟားခါး ဖလမ်း တီးတိန်စတဲ့ ချင်းပြည်နယ် မြို့တွေမှာ လုပ်ရင်လည်း လမ်းပန်းအခက်အခဲနဲ့ လုပ်နိုင်မှာ မဟုတ်လို့ အခုပွဲကို ကလေးမြို့မှာပဲ ပြုလုပ်လိုက်တာ။”

Enat Queen ရွေးချယ်ပွဲကို ၂၀၁၃ ခုနှစ်ကနေ စပြီး ၂၀၁၅ ခုနှစ်အထိ Enat 400 Natural Vitamin - E သဘာဝ အလှဖန်တီးရှင်အတွက် ဓာတ်ပုံပြိုင်ပွဲကိုသာ ပြုလုပ်ခဲ့ပြီး အခု ကလေးမြို့မှာ ကျင်းပတဲ့ ချင်းပြည်နယ်အတွက် Queen ရွေးချယ်ပွဲဟာ ပထမဆုံး အခမ်းအနားနဲ့ လူကိုယ်တိုင် ပါဝင်စေတဲ့ ရွေးချယ်ပွဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကို အယောက် ၃၀ ၀င်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်ခဲ့ပြီး ဇကာတင် ၁၁ ဦးကို ရွေးချယ် ပြိုင်ပွဲဝင်စေခဲ့တာ ဖြစ်ပါတယ်။ စကာတင် (၁၁) ဦးမှာ တဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိတာကြောင့် ၁၀ ဦးသာ ၀င်ပြိုင်ခဲ့ပါတယ်။

Enet Queen ရွေးချယ်ခံရသူ အနေနဲ့ Enat 400 Natural Vitamin – E က ပြုလုပ်မယ့် ကြော်ငြာ ဘုတ်တွေမှာ မော်ဒယ်အဖြစ် သရုပ်ဆောင်ခွင့်ရမှာဖြစ်ပြီး ၂၀၁၆ ကြော်ငြာရိုက်ဖြစ်ရင်လည်း ပါဝင်သရုပ်ဆောင်ရမယ့် အခွင့်အရေးတွေ ရရှိသွားမှာ ဖြစ်ပါတယ်။

မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013