DVB Logo
Home
မြန်မာသတင်း
မူးပြီးဆိုင်ကယ်ဖြင့် မြောင်းထဲပြုတ်ကျသည့် မြန်မာအလုပ်သမားရုပ်သံ ၀ိုင်းဝန်းဝေဖန် (ရုပ်သံ)
DVB
·
July 23, 2016
မူးပြီးဆိုင်ကယ်ဖြင့် မြောင်းထဲပြုတ်ကျသည့် မြန်မာအလုပ်သမားရုပ်သံ ၀ိုင်းဝန်းဝေဖန် (ရုပ်သံ)
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ အရက်မူးပြီး ဆိုင်ကယ်မောင်းတဲ့  မြန်မာ နိုင်ငံသားတဦး ရေမြောင်းထဲပြုတ်ကျကာ ဒဏ်ရာတွေရသွားတဲ့ ရုပ်သံဖိုင်ဟာ ထိုင်းလူမှုရေးကွန်ရက် မီဒီယာပေါ်မှာ ပျံ့နှံ့သွားသလို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဇူလိုင် ၂၁ ရက် ရုပ်သံဖိုင်တင်တဲ့ YouLike ဖေ့ဘွတ်ခ်မှာတော့ ဒီဖြစ်ရပ်ဟာ ကြောက်စရာ ဖြစ်ရပ် ဖြစ်တဲ့အကြောင်း၊ ပြဿနာ ဖန်တီးနေတဲ့အတွက် မြန်မာပြည်ကို ပြန်ပို့သင့်တယ်ဆိုတဲ့ မှတ်ချက်တွေကို ရေးသားထားပါတယ်။

ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေတဲ့သူ့လုပ်ရပ်ကို တချို့ကလည်း ဆဲရေးတိုင်းထွာတဲ့ မှတ်ချက်တွေကို ရေးသားထားပါတယ်။

ဒီရုပ်သံဖိုင်ကို လူ ၂ သောင်းကျော် ကြိုက်နှစ်သက်ခဲ့ပြီး ဖြန့်ဝေသူပေါင်းဟာလည်း ထောင်ချီရှိနေပါတယ်။

ဇူလိုင် ၁၈ ရက်က မယ်ဆိုင်မြို့တွင်း ချင်းရိုင်း-မယ်ဆိုင်သွားလမ်းမကြီးပေါ်မှာ အင်္ကျီမ၀တ်၊ ဖိနပ်မပါဘဲ ဆိုင်ကယ်တစီး ဒယီးဒယိုင်မောင်းနှင်တာတွေ့ရှိကြောင်း၊ မကြာခင် အချိန်တွင်းမှာပဲ ဆိုင်ကယ်တစီး မြောင်းထဲပြုတ်ကျပြီး ဒဏ်ရာရသူရှိကြောင်း သတင်းပို့ ချက်အရ သွားရောက်စစ်ဆေးရာမှာ အဆိုပါ လူငယ်တဦးဖြစ်နေတာကို တွေ့ရှိရတာလို့ မယ်ဆိုင်ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက သတင်းထောက်ကို ပြောပါတယ်။

သူဟာမြောင်းထဲပြုတ်မကျခင် မာစဒါကားတစ်စီးကိုလည်း အနောက်ကနေ ၀င်တိုက်ခဲ့ တဲ့အတွက် ကားရဲ့ဘယ်ဘက်နောက်ကြည့်မှန်ကွဲသွားတယ်လို့ အတိုက်ခံရသူက လာတိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်ဆေးချက်အရ ဆိုင်ကယ်မောင်းသမားဟာ အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးအောင် ဆိုသူဖြစ်ပြီး အရက်သောက်ထားတယ်လို့ ရဲအရာရှိက ပြောပါတယ်။

လောလောဆယ် မယ်ဆိုင်ဆေးရုံမှာ ရရှိထားတဲ့ ဒဏ်ရာကုသခံနေရပြီး ရဲစခန်းက သူ့ကို  ဇူလိုင် ၂၃ ရက်နေ့မှာ အမှုဖွင့် အရေးယူသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013