DVB Logo
Home
မြန်မာသတင်း
ပြည်ခရိုင်တွင် ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျော ဖြစ်ပွားမှု ပိုမိုဆိုးရွား
DVB
·
July 23, 2016
ပြည်ခရိုင်တွင် ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျော ဖြစ်ပွားမှု ပိုမိုဆိုးရွား
1 / 7
Donate to DVB

ပဲခူးတိုင်း၊ ပြည်ခရိုင်တွင်း ကူးစက်မြန်ပြင်းထန်၊ ၀မ်းပျက်ဝမ်းလျောဖြစ်ပွားပိုမိုဆိုးရွားလာနေပြီး ကုတင် ၅၀၀ ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှာ ရောဂါဖြစ်ပွားသူ ၅၀ နီးပါးလောက် တက်ရောက်ကုသနေကြတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးတင့်ရွှန်းက ပြောပါတယ်။

ဇူလိုင် ၁၁ ရက်နေ့လောက်ကစပြီး ဧရာဝတီမြစ်ရေတက်လာပြီး ပြည်မြို့နယ်ထဲက ရပ်ကွက်နဲ့ကျေးရွာအချို့မှာ ရေနစ်မြုပ်ခဲ့ပြီးနောက် မသန့်တဲ့ရေတွေကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ ပြည်ခရိုင် သဲကုန်းမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေမှာ ဖြစ်ပွားနေတာပါ။

ရောဂါဖြစ်ပွားသူတွေရဲ့ ပိုးနမူနာတွေ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးရာက ကူးစက်မြန်ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ပေးခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၂၂ ရက်နေ့အထိ ကုတင် ၅၀၀ ဆန့် ဆေးရုံကြီးမှာ ၀မ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသူ ၉၆ ဦး တက်ရောက်ကုသနေပြီး ကူးစက်မြန်ပြင်းထန်ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားသူဦးရေမှာ ရာခိုင်နှုန်းထက်ဝက် ၅၀ လောက်ရှိနေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

“ဇူလိုင်ကနေစပြီး ပြည်ဆေးရုံကြီးကို ၀မ်းပျက်ဝမ်းလျောလူနာတွေ သိသိသာသာတိုးပြီး တက်လာတာကို သိရတယ်။ စသိသိခြင်းမှာ စာရင်းကို ကောက်ထားလိုက်တယ်။ အဲဒီနောက်တော့ အခုဖြစ်တောတွေနဲ့ပတ်သက်ပြီး ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျောရောဂါ ဖြစ်နိုင်တယ်လို့ သံသယဖြစ်တာကြောင့် ကျနော့်အထူးကုတွေနဲ့ဓာတ်ခွဲစစ်ဆေးတယ်၊ သံသယဖြစ်ဖွယ်တွေ့လို့ ၀မ်းနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းဌာနကို ပေးပို့စစ်ဆေးပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းဌာနက ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျောရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုအဖြေထွက်လာပါတယ်” ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးတင့်ရွှန်းက ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျောကာကွယ်ကုသမှုဆိုင်ရာတွေကို ကျန်းမာရေးအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ဘက်ပေါင်းစုံကနေ ထိထိရောက်ရောက်ကုသမှုတွေလုပ်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်က ပြောပါတယ်    ။

“လူတွေက ဆင်းရဲပြီး ရေမသန့်တာရယ်၊ အညစ်အကြေး စွန့်တဲ့ ပြဿနာပါ။ အခုက နေရာ ၂၅၊ ၃၀ လောက်မှာ ဖြစ်နေတာ။ ရတနာထီးဖြူ၊ ဖိုးခေါင် စတည်း နေရာတွေလည်းပါတယ်။ ဖိုးခေါင်ကတော့ တော်တော်လေးအခြေအနေစိုးတယ်၊ အခုကျမ်းမားရေးဌာနနဲ့ ကျမတို့ပေါင်းစပ်ပြီးတော့ လုပ်နေပါတယ်။”

ပြည်ခရိုင် ၆ မြို့နယ်အပြင် မကွေးတိုင်း အောင်လံမြို့နယ်အတွင်းမှာလည်း ၀မ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေသူတွေကို တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။

ပြည်မြို့မှာ မြစ်ရေတက်ရာနေရာများဖြစ်သည့် မာလကာကုန်း၊ ဘောက (၃၊၄၊၅) နဲ့ ရွေပလ္လင်မှော်အောက်ချိုင့် နေရာတွေမှာ အများဆုံးဖြစ်ပွားနေကြောင်း၊ ရေများကို (ကယ်လိုရင်း) ခတ်ပေးတာ၊ ယာယီကျန်းမာရေးဆေးပေးခန်းတွေ ဖွင့်လှစ်ကာ အရေးပေါ်ကုသပေးနေပြီး တိုင်းကျန်းမာရေးအဖွဲ့တွေနဲ့ နေပြည်တော်ကျန်းမာရေးအဖွဲ့တွေလည်း ကွင်းဆင်းစစ်ဆေးနေကြပါတယ်။

 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013