DVB Logo
Home
မြန်မာသတင်း
ထိုင်းကုမ္ပဏီများကို မြန်မာက အမည်ပျက်စာရင်းသွင်း
DVB
·
July 23, 2016
ထိုင်းကုမ္ပဏီများကို မြန်မာက အမည်ပျက်စာရင်းသွင်း
1 / 2
Donate to DVB

မြန်မာနိုင်ငံက အလုပ်သမားတွေကို  နှစ်နိုင်ငံသဘောတူစာချွန်လွှာ (အမ်အိုယူ)  အရ ထိုင်းနိုင်ငံကို စေလွှတ်နေရာမှာ စည်းကမ်းမလိုက်နာတဲ့ ထိုင်းကုမ္ပဏီတွေကို အမည်ပျက်စာရင်းသွင်းခဲ့တယ်လို့ မြန်မာ အလုပ်သမားဌာနက ပြောပါတယ်။

ထိုင်းကုမ္ပဏီတွေဟာ  မြန်မာအလုပ်သမားတွေ ခေါ်ယူပြီး စာချုပ်ပါ အလုပ်အမျိုးအစားအတိုင်း၊ မလုပ်ကိုင်စေတဲ့ အပြင် အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးခြင်းမရှိလို့ အမည်စာရင်းတင်သွင်းခဲ့တာလို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနအမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာအလုပ်သမားတွေကို အမ်အိုယူနဲ့ခေါ်တယ်၊ ခေါ်ပြီးတော့မှ အမ်အိုယူအတိုင်းမလုပ်ပေးတော့ဘူး။ ဥပမာ အလုပ်သမားတွေကို ၂၀၀ ခန့်မယ်လို့ ပြောပြီးမှ ဟိုကျမှ ၁၀၀ဘဲခန့်ပြီး တခြားနေရာပို့တဲ့ ကိစ္စမျိုးတွေရှိတယ်။ စာချုပ်ပါအတိုင်း လုပ်ခမပေးတဲ့ စက်ရုံတွေရှိတယ်။  ပွဲစားအေဂျင်စီတွေရှိတယ်။ အခြေအနေအမျိးမျိုးကြောင့် ပျက်သွားရင် လိုက်ပြီးမရှင်းပေးဘူး။ ပူးပေါင်းဆောင် ရွက်မှုမရှိဘူး။ ဒါမျိုးတွေဆို တို့ဆီကအလုပ်သမားခေါ်ခွင့်မပေးတော့ဘူးပေါ့။  အေဂျင်စီတွေ ကိုယ်တိုင်ကလည်း  အဲဒီကုမ္ပဏီတွေကြောင့် သူတို့အလုပ်သမားခေါ်ယူခွင့်ပိတ်ပင်ခံရလို့ အမည်မည်းစာရင်း ထည့်ပေးဖို့ တောင်းဆိုထားတာရှိတယ်”

ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့လည်း ထိုင်းနိုင်ငံရဲ့ စည်းကမ်းဥပဒေအတိုင်း လိုက်နာနေထိုင်ဖို့ ၊  အခက်အခဲရှိရင် ထိုင်းမြန်မာသံရုံးနဲ့  အလုပ်သမားသံအရာရှိတွေကို ဆက်သွယ်အကူ အညီတောင်းဖို့ ၊ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကလည်း မြန်မာသံရုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့  ဦးမျိုးအောင်က ပြောပါတယ်။

နာမည်ပျက် စာရင်းတင်သွင်းလိုက်တဲ့အထဲမှာ  ထိုင်းနိုင်ငံကကုမ္ပဏီပေါင်း ၂၄ ခု နဲ့ လူပုဂ္ဂိုလ် ၆ ဦး ပါဝင်ပြီး  အဆိုပါစာရင်းတွေကို သက်ဆိုင်ရာ အေဂျင်စီတွေအားလုံးရဲ့အဖွဲ့ချုပ်၊ ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတွေ ၊ အလုပ်ခေါ်စာတွေကို ထောက်ခံပေးနေတဲ့ ထိုင်းနိုင်ငံက အလုပ်သမား သံအရာရှိတွေဆီကို  ဇူလိုင် ၁၈ ရက်နေ့က ပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေးတွေ ကူညီဆောင်ရွက်ပေးနေသူ ထိုင်းရောက်မြန်မာ နိုင်ငံသားများ အဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းကတော့ အမည်ပျက်စာရင်းသွင်းခံရတဲ့ အေဂျင်စီတွေက တခြားအမည်သစ်ပြောင်းလဲ လုပ်ဆောင်နိုင်တာကြောင့် ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ကျနော်တို့ ရင်းရင်းနှီးနှီး ဆိုးဆိုးရွားရွား ခံလာခဲ့ရတဲ့ ကုမ္ပဏီတွေ ပါပါတယ်၊ အဲဒီကုမ္ပဏီတွေဟာ အရင်လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း မြန်မာအလုပ်သမားဝန်ကြီးဌာနက ဒါမျိုးထုတ်ပြန်ခဲ့ဖူးတယ်၊ ဒါပေမယ့် ထိုင်းကလူကုန်ကူးဂိုဏ်းသားတွေ ၀င်ရောက်လုပ်ကိုင်နေကြတဲ့သူတွေအနေနဲ့ အကျင့်ပျက် ၀န်ထမ်းတွေနဲ့ နီးကပ်နေတဲ့လူတွေကတော့  ခေါင်းစဉ်လေပြောင်းပြီး နောက်ကုမ္ပဏီလုပ်လိုက်ရင် ရပြီလေ။ အဲဒီလိုလည်း လုပ်နေကြတာ၊ ကျနော့်အမြင်ကတော့ စံနစ်ကြီးတစ်ခု မပြောင်းရင် ဒါတွေ ဆက်ရှိနေမှာဘဲ”

ထိုင်းနိုင်ငံကို အလုပ်သမားတင်ပို့ရာမှာ ကြားခံပွဲစားတွေမလိုတဲ့စနစ် ၊ အစိုးရချင်း တိုက်ရိုက်ဆက်သွယ် ပို့ဆောင်ပြီး ၀န်ဆောင်ခငွေတွေလည်း ဘဏ်ကနေတင်သွင်းတဲ့ စနစ်လုပ်လိုက်ရင် အလုပ်သမားေ တွလည်း ငွေကုန်ကြေး ကျသက်သာပြီး  နိုင်ငံတော်ဝင်ငွေလည်းတိုးလာမယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာပြည်က ရွှေ့အလုပ်သမားပေါင်း ၃ သန်းကျော်ရှိပြီး အဲဒီထဲမှာ  နှစ်နိုင်ငံ  နားလည်မှုစာချွန်လွှာ (အမ်အိုယူ)  နဲ့ ၀င်ရောက်လာတဲ့ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပါတယ်။

black list1

black list

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013