DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အာဆီယံအစည်းအဝေးတက်ရန် လာအိုနိုင်ငံကိုထွက်ခွာ
DVB
·
July 22, 2016
ဒေါ်အောင်ဆန်းစုကြည် အာဆီယံအစည်းအဝေးတက်ရန် လာအိုနိုင်ငံကိုထွက်ခွာ
Donate to DVB

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို တက်ရောက်ဖို့ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ကို ဒီနေ့ ညနေပိုင်းက  ထွက်ခွာသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ လာအိုနိုင်ငံကို ထိုင်းလေကြောင်းနဲ့ ထွက်ခွာသွားတာလို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

လာအိုနိုင်ငံ မြို့တော်ဗီယန်ကျင်းမှာတော့ ဒီနေ့မှာ အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး ကျင်းပနေပြီး နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ ထုတ်ပြန်မယ့် ကြေညာချက်တွေ၊ အစီရင်ခံစာတွေကို  ညှိနှိုင်းဆွေးနွေးနေကြပါတယ်။

ဇူလိုင် ၂၃ ကနေ ၂၆ ရက်အထိ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး(AMM)နဲ့  ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်မယ့် မြန်မာ အပါအ၀င် ဒေသတွင်းနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီနေ့ ညနေပိုင်းက စတင်ပြီး ဗီယန်ကျင်းမြို့ကို ဆိုက်ရောက်ကြမှာပါ။

ဒီရက်တွေအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့  (၄၉) ကြိမ်မြောက် အစည်းအဝေး (AMM) အာဆီယံနဲ့ ဆွေးနွေးဘက်နိုင်ငံများ သီးခြားစီတွေ့ဆုံလေ့ရှိတဲ့ အာဆီယံ-တရုတ်၊ အာဆီယံ-တောင်ကိုရီးယား၊  အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ရုရှား၊ အာဆီယံ-ကနေဒါ၊ အာဆီယံ-ဂျပန်၊ အာဆီယံ-သြစတြေးလျ၊ အာဆီယံ-အီးယူ၊ အာဆီယံ-အမေရိကန်၊ အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေကိုလည်း ကျင်းပဖို့ ရှိပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲတွေ့ဆုံလေ့ရှိတဲ့ ၁၇ကြိမ်မြောက်  ASEAN Plus Three နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (APT FMM) ၊ အာဆီယံနိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ၊ ဂျပန်၊ ရုရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်နိုင်ငံတို့ နိုင်ငံခြားရေးဝန်ကြီးများ စုပေါင်းတွေ့ဆုံတဲ့ 6th East Asia Summit Foreign Ministers Meeting (EAS FMM)၊ အာရှ နှင့် ပစိဖိတ်ဒေသက နိုင်ငံခြားရေးဝန်ကြီးတွေ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စတွေကို ညှိနှိုင်းဆွေးနွေးကြတဲ့  23rd ASEAN Regional Forum (ARF) တို့လည်း ပြုလုပ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ လာအိုနိုင်ငံကနေ ဇူလိုင် ၂၇ ရက်နေ့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013