DVB Logo
Home
မြန်မာသတင်း
ကြို့ပင်ကောက် လွတ်လပ်ရေးပန်းခြံအတွင်း လူတဦး သေဆုံးလျက်တွေ့ရှိ (ဓာတ်ပုံ)
DVB
·
July 22, 2016
ကြို့ပင်ကောက် လွတ်လပ်ရေးပန်းခြံအတွင်း လူတဦး သေဆုံးလျက်တွေ့ရှိ (ဓာတ်ပုံ)
1 / 2
Donate to DVB

ရန်ကုန် - ပြည်လမ်းဆုံအနီး ကြို့ပင်ကောက်မြို့နယ်ထဲက လွတ်လပ်ရေးပန်းခြံအတွင်းမှာ ဇူလိုင် ၂၁ ရက်နေ့ မနက်က လူတဦး မှောက်လျှက်အနေထားနဲ့သေဆုံးနေတာကို တွေ့ရှိခဲ့တဲ့အတွက် ကြို့ပင်ကောက်မြို့မ ရဲစခန်းက တာဝန်ရှိသူတွေက လာရောက်စစ်ဆေးခဲ့ကြပါတယ်။

အဲဒီသေဆုံးနေသူဟာ ကြို့ပင်ကောက်မြို့နယ်၊ နွယ်ခွေရပ်ကွက်၊ ပျဉ်ထောင်တွင်းလမ်းမှာ နေထိုင်တဲ့ ကိုချိုဦး (၃၃) နှစ် ဖြစ်ပြီး သေဆုံးမှုမှာ ပြင်ပဒဏ်ရာတစ်စုံတရာတော့ မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူဟာ အရက်အလွန်အကျွံ့သောက်သုံးတတ်သူဖြစ်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်ကိုတော့ တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။

13769567_1788159938086723_8245876993614143918_nအဲဒီသေဆုံးမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြို့ပင်ကောက်မြို့မ ရဲစခန်းက ဒုရဲအုပ် စောနေမင်းထွန်းက တရားလိုပြုလုပ်တိုင်တန်းထားပြီး သေမှုသေခင်းအမှတ် ၁၀/၂၀၁၆ အရ အမှုဖွင့်လက်ခံဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ကျော်ဇေယျာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013