DVB Logo
Home
မြန်မာသတင်း
ဆရာ၊ ဆရာမများ သင်ယူချင်စိတ်မွေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
July 22, 2016
ဆရာ၊ ဆရာမများ သင်ယူချင်စိတ်မွေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

တပည့်တွေကို ပိုမိုထက်မြက် ပျော်ရွှင်အောင် ပညာသင်ချင်စိတ် ဖြစ်လာဖို့အတွက် သင်ကြားပေးနေရတဲ့ ဆရာ ဆရာမတွေအနေနဲ့ အမြဲတမ်း သင်ယူချင်စိတ် မွေးမြူကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

“အစကောင်းအောင်လုပ်ပေးတဲ့ မူလတန်းအဆင့် ဆရာ ဆရာမများ၊ မူလတန်းပညာဆိုတာ အင်တန် အရေးကြီးပါတယ်။ အခြေခံရဲ့ အခြေခံလို့ ကျမတို့ ပြောလို့ရတယ်။ အဲတော့ ဒီအခြေခံရဲ့ အခြေခံမှာ ပါဝင်တဲ့ပုဂ္ဂိုလ်များ အားလုံးဟာ စေတနာပါရမယ်။ စေတနာဆိုတာ ယုံကြည်မှုနဲ့လည်း ဆိုင်တယ်။ ငါတို့လုပ်တဲ့အလုပ်ဟာ တကယ်တန်ဖိုးရှိတယ် ဆိုတဲ့ဟာကို ယုံကြည်မှ စေတနာနဲ့ လုပ်နိုင်မှာပါ။ မဖြစ်လို့ ဒီအလုပ်လုပ်ရတာ၊ အလယ်တန်း၊ အထက်တန်းမှာ မသင်နိုင်လို့ မူလတန်းမှာ လာသင်ရတာဆိုတဲ့ မကျေနပ်တဲ့စိတ်နဲ့ သင်နေတဲ့ဆရာတွေ၊ ဆရာမတွေဟာ ဘယ်လိုမှ စေတနာပါနိုင်မှာ မဟုတ်ပါဘူး။ ငါတို့အလုပ်လောက် မွန်မြတ်တဲ့အလုပ်မရှိဘူး။ ငါတို့ဟာ ငါတို့ နောက်မျိုးဆက်တွေကို ပြုစုပျိုးထောင်ပေးမယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ပေါ်မှာသာ အခြေခံပြီးတော့ စေတနာနဲ့ သင်ပေးနိုင်မှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒါ့အပြင် ဆရာ၊ ဆရာမတွေကိုယ်တိုင် လေ့လာသင်ယူချင်စိတ်ရှိမှသာ တပည့်တွေအပေါ်ကိုလည်း ပညာတွေ အပြည့်အ၀ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပညာသင်ကြားတဲ့ ကလေးတွေရဲ့အကြောင်းကို သိအောင်လုပ်ဖို့နဲ့ အားနည်းချက် အားသာချက်ကို သိမှသာ သင်ကြားရမယ့် ဘာသာရပ်ကို ပိုင်နိုင်သွားအောင် သင်ကြားပေးနိုင်မယ်လို့လည်း သုံးသပ်သွားပါတယ်။

နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းမှာ ဇူလိုင် ၂၁ ရက်နေ့က ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ အခြေခံပညာကဏ္ဍ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဌာနဆိုင်ရာတွေ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဆရာ ဆရာမတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013