DVB Logo
Home
မြန်မာသတင်း
ဘီးလင်းတွင် ကျောင်းသား ၃၀ ခန့် အစာအဆိပ်သင့်
DVB
·
July 21, 2016
ဘီးလင်းတွင် ကျောင်းသား ၃၀ ခန့် အစာအဆိပ်သင့်
1 / 20
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မုသင် အထက်တန်းကျောင်းခွဲက ကျောင်းသား အယောက် ၃၀ လောက် အစာအဆိပ်သင့်လို့ ဆေးရုံတင် ကုသထားရတယ်လို့ ပြည်နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းကတည်းက ကျောင်းသားတချို့ စတင်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းလောက်မှာ အစာအဆိပ်သင့်တဲ့ ကျောင်းသား များလာလို့ အနီးရှိ ဇုတ်သုတ်တိုက်နယ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ပြောပါတယ်။

“မနက်ကတည်းက ကလေး တယောက်စ နှစ်ယောက်စ အန်တယ်၊ ညနေ ၃ နာရီလောက်ကျတော့ တပြုံကြီး စုပုံပြီး အန်ကျတဲ့အခါကျတော့မှ သူတို့လည်း မျက်ကလူးဆန်ပြာဖြစ်ပြီး ကျမတို့ဆီဖုန်းဆက်တယ်။ အခု လောလောဆယ်တော့ အန်နေကြတာပေါ့။”

အရမ်းစိုးရိမ်ရတဲ့ ကလေးတွေ မရှိဘဲ ကလေးအများစုက ၆ တန်း၊ ၇ တန်းနဲ့ ၈ တန်း ကျောင်းသားတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အစာအဆိပ်သင်တဲ့ ကျောင်းသားအများစုဟာ မနက်ပိုင်းကျောင်းမလာခင် ပဲပြုတ်နဲ့ ထမင်းစားလာကြသူတွေများတာမို့ ပဲပြုတ်နဲ့ အန်ဖတ်တို့ကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးနေပါတယ်။

ပြည်နယ်အဆင့် တာဝန်ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ ရောက်ရှိပြီး ကုသပေးနေသလို စမ်းသပ်စစ်ဆေးမှုတွေလည်း အချိန်နဲ့ တပြေးညီ လုပ်ဆောင်ပေးနေကြပါတယ်။

ကျောင်းသား ၆၀ လောက် တက်ရောက်နေတဲ့ မုသင် အထက်တန်းကျောင်းခွဲမှာ ကျောင်းသား ထက်ဝက်လောက် အစာအဆိပ်သင့်နေကြတာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရောဂါပိုးကြောင့် အစာအဆိပ်သင့် သလို ဓာတုပစ္စည်းများကြောင့်လည်း အစာအဆိပ်သင့်တတ်တယ်လို့ ဆိုထားပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ဖို့ အကြံပြုထားပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013