DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ဘာသာမဲ့ ၃ သောင်းကျော်ရှိဟု သန်းခေါင်စာရင်းအစီရင်ခံစာ ဖော်ပြ
DVB
·
July 21, 2016
မြန်မာတွင် ဘာသာမဲ့ ၃ သောင်းကျော်ရှိဟု သန်းခေါင်စာရင်းအစီရင်ခံစာ ဖော်ပြ
Donate to DVB

၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ်သူ ၉၀ ရာခိုင်နှုန်းခန့်၊ လူဦးရေ ၄၅ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး ဘာသာမရှိသူ ၃ သောင်းကျော်ရှိတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပါတယ်။

ဒီနေ့ နေပြည်တော် Hotel Max မှာ လုပ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် လူဦးရေနှင့်      အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်းအခမ်းအနားမှာ ထုတ်ပြန်ခဲ့တာပါ။

ဗုဒ္ဓဘာသာကိုးကွယ်သူ လူဦးရေ ၈၉.၈ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆.၃ ရာခိုင်နှုန်း ၊အစ္စလာမ်ဘာသာကိုးကွယ်သူ ၂.၃ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာကိုးကွယ်သူ ၀.၅ ရာခိုင်နှုန်း၊နတ်ကိုးကွယ်သူ ၀.၈ ရာခိုင်နှုန်း၊အခြားဘာသာကိုးကွယ်သူ ၀.၂ ရာခိုင်နှုန်းနှင့် ဘာသာမရှိသူ ၀.၁ ရာခိုင်နှုန်း အသီးသီး ဖြစ်ပါတယ်။

မြန်မာလူဦးရေ ၅၁သန်းကျော်မှာ ဗုဒ္ဓဘာသာကိုးကွယ်သူပေါင်း ၄၅,၁၈၅,၄၄၉ဦး၊ခရစ်ယာန် ၃,၁၇၂,၄၇၉ဦး၊အစလာမ် ၁,၁၄၇,၄၉၅ဦး၊ဟိန္ဒူ ၂၅၂ ,၇၆၃၊နတ်ကိုးကွယ်သူ ၄၀၈ ,၀၄၅၊အခြား ၈၂,၈၂၅နဲ့ ဘာသာ မရှိသူ ၃၀,၈၄၄ ဦးတို့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ သန်းခေါင်စာရင်း မကောက်နိုင်ခဲ့တဲ့ လူဦးရေ ခန့်မှန်းခြေ ၁.၂ သန်းကျော်ရှိပြီး ရခိုင်မှာ ၁.၀၉ သန်းနဲ့ အများဆုံး ဖြစ်ပါတယ်။

ရခိုင်မှာ သန်းခေါင်စာရင်း မကောက်နိုင်ခဲ့တဲ့ လူဦးရေ အရေအတွက် အတန်အသင့်ကြီးမားတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် ကိုးကွယ်တဲ့ဘာသာ အလိုက် လူဦးရေအချိုးအစားအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်မှာ ကောက်မရတဲ့ လူဦးရေ ၁ သန်းကျော်ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ များဖြစ်တယ်လို့ သိရတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ မကောက်နိုင်ခဲ့တဲ့ သန်းခေါင်စာရင်းကို ၂၀၁၄ခုနှစ် မတ်လနဲ့ ဧပြီလအတွင်း ကောက်ယူခဲ့ပြီး ရှေပြေးအစီရင်ခံစာကို ၂၀၁၄၊သြဂုတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

တခါ ၂၀၁၅ ခုနှစ် မေလမှာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အခုတခါ ကိုးကွယ်တဲ့ ဘာသာအစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013