DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးခံ မြန်မာ ၂၇ ဦးကို မလေးရှားရဲ ကယ်တင်
DVB
·
July 21, 2016
လူကုန်ကူးခံ မြန်မာ ၂၇ ဦးကို မလေးရှားရဲ ကယ်တင်
Donate to DVB

ကလေးငယ် ၂ ဦး အပါအ၀င် တရားမ၀င် လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို မလေးရှားရဲတွေက ကယ်တင်နိုင်ခဲ့ပြီး မလေးရှားနိုင်ငံသား အမျိုးသားတဦးနဲ့ ထိုင်းအမျိုးသမီးတဦးကို ဖမ်းဆီးခဲ့တယ်လို့ နယူးစထရိတ်တိုင်းမ်သတင်းမှာ ဇူလိုင် ၂၀ ရက်နေ့က ဖော်ပြပါတယ်။

ကေဒါမှုခင်း စုံစမ်းထောက်လှမ်းရေးဌာနမှ အကြီးတန်းလက်ထောက်ကော်မရှင်အ ဖွဲ့ဝင် မို့ဒ်နာရှာရာက သူတို့အနေနဲ့ ဘူကစ်အန်မန် နယ်စပ်ထောက်လှမ်းရေးယူနစ်နဲ့ ပူး ပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့တာလို့ ပြောပါတယ်။

ဒီဖမ်းဆီးရေးလှုပ်ရှားမှုဟာ ဇူလိုင်လ ၁၉ ရက်နေ့ည ၁၁ နာရီကနေ နောက်တ နေ့မနက် ၁၁ နာရီထိ ကြာခဲ့ပါတယ်လို့ သူက ပြောပါတယ်။

သူတို့ပူးပေါင်းအဖွဲ့ဟာ ကိုဒီအန်ဒေသ၊ ကန်ပန်ပဒန်ချစ်ခ်အရပ်က နံပါတ်မတပ်ထားတဲ့ အိမ်တလုံးထဲမှာ ဒေသခံအမျိုးသားတဦး၊ ထိုင်းအမျိုးသမီးတဦးနဲ့အတူ လူကုန်ကူးခံ မြန်မာအမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ကလေးငယ် ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာပါ။

သူတို့အားလုံးဟာ အသက် ၁၃ နှစ်ကနေ ၃၂ နှစ်ကြားအရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါအိမ်ဟာ လူကုန်ကူးမှုအတွက် နိုင်ငံရဲ့ သက်ဆိုင်ရာအရပ်တွေဆီ မပို့ဆောင်ခင်မှာ ထားရှိဖို့ အသုံးပြုတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအိမ်ကိုတော့ ထိုင်းအမျိုးသမီးက ငှားရမ်းထားကာ ဒေသခံမလေးရှားအမျိုး သားကတော့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ လူမှောင်ခိုတွေကို ကားလိုက်မောင်း ပေးရသူဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မို့ဒ်နာရှာရာက “လူမှောင်ခိုတွေကို လိုက်ပို့တဲ့နေရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ကားတစီးကိုလည်း ကျနော်တို့ ဖမ်းမိထားပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ မလေးရှားနိုင်ငံသားအမျိုးသားနဲ့ ထိုင်းအမျိုးသမီးတို့ကို ၂၀၀၇ ခုနှစ် မလေးရှားနိုင်ငံ ရွှေ့ပြောင်းတရားမ၀င်လူကုန်ကူးမှု ဆန့်ကျင်ရေးဆိုင်ရာပုဒ်မ ၂၆(က)အရ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး တရားမ၀င်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကိုတော့ ၁၉၅၃/၁၉၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၆(၃)အရ စုံစမ်းစစ်ဆေးမှု တွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013