DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတက္ကသိုလ်အနီး အလုံပိတ်ဆိုင်များ ၀င်ရောက်စစ်ဆေး (ရုပ်သံ)
DVB
·
July 21, 2016
ဟင်္သာတတက္ကသိုလ်အနီး အလုံပိတ်ဆိုင်များ ၀င်ရောက်စစ်ဆေး (ရုပ်သံ)
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဟင်္သာတတက္ကသိုလ်အနီးရှိ ကော်ဖီနဲ့ အအေးဆိုင်တွေက အလုံပိတ်ထားတဲ့အခန်းတွေကို တာဝန်ရှိသူတွေက ဇူလိုင် ၂၀ ရက်နေ့က ၀င်ရောက်စစ်ဆေးခဲ့ပါတယ်။

ဟင်္သာတမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တက္ကသိုလ် တာဝန်ရှိသူတွေအပါဝင် အဖွဲ့ပေါင်းစုံက ဝင်ရောက်စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

ဟင်္သာတမြို့နယ်လယ်တီကွင်း အပိုင်အုပ်ချုပ်ရေမှူးက “ကျနော်တက်လာတဲ့ကာလမှာ သတိပေးထားတာလေးကြိမ်ရှိပြီဖြစ်ပါတယ်။ ဟင်္သာတစည်ပင်အမှုဆောင်အရာရှိကတော့ အအေးဆိုင်နဲ့ လက်ဖက်ရည်ဆိုင်ပေါ့၊ အစကလည်း စစ်ဆေးခဲ့ဖူးပါတယ်။ ဒါပေမယ့် တချို့ဆိုင်တွေမှာတော့ အလုံပိတ်ဆိုင်တွေ တွေ့ခဲ့ရတယ်။ ဒါကြောင့် အဲဒီဆိုင်တွေကို လောလောဆယ်တော့ ယာယီလုပ်ငန်းလိုင်စဉ်ကို ပိတ်သိမ်းမယ်၊ ပြီးရင် သူတို့ပြန်လျှောက်တဲ့အချိန်မှာတော့ သတ်မှတ်တဲ့ အချက်အလက်ပြည့်စုံရင်တော့ ပြန်ပြီးတော့ ဖွင့်ပေးပါမယ်။ ပြီးရင်လည်း အခုလိုပဲ ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံနဲ့အထပ်ထပ်စစ်ဆေးသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

စစ်ဆေးခဲ့တဲ့ ဆိုင်ပေါင်းမှာ ၁၀ ဆိုင်ဖြစ်ပြီး လယ်တီကွင်း အနောက်စုပိုင်မှ ၈ ဆိုင်နဲ့ မြဝတီအပိုင်မှ ၂ ဆိုင်ဖြစ်ပြီး အလုံပိတ်ခန်းတွေ တွေ့ရှိခဲ့တဲ့ ဆိုင်တွေကိုတော့ ခတ္တလုပ်ငန်းလိုင်စဉ် ပိတ်သိမ်းမယ်လို့ သိရပါတယ်။
ရုပ်သံ - Ko Kyat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013