DVB Logo
Home
မြန်မာသတင်း
အပစ်မရပ်အဖွဲ့များနှင့် ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီတို့ ယနေ့ညနေတွေ့မည်
DVB
·
July 20, 2016
အပစ်မရပ်အဖွဲ့များနှင့် ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီတို့ ယနေ့ညနေတွေ့မည်
Donate to DVB

၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဦးခက်ထိန်နန် ဦးဆောင်တဲ့အဖွဲ့ဟာ  အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီကနေ့ညနေပိုင်း တွေ့ဆုံဖို့ ရှိပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ယူအန်အက်ဖ်စီဘက်က တင်ပြချက်တွေအပေါ်မှာ ဆွေးနွေးကြမယ်လို့ ဒီဆွေးပွဲကို တက်မယ့် ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ပြောပါတယ်။

“သူတို့ဘက်က တင်ပြမယ့်အကြောင်းအရာတွေကို သူတို့ပြုစုထားတာပေါ့နော်။ ဆွေးနွေးတဲ့ အပိုင်းတော့ ဆွေးနွေးမယ်။ တချို့ ဆုံးဖြတ်ချက်ချတဲ့အပိုင်းတော့ ကျမတို့က သူတို့အကြောင်းအရာပေါ်မှာကြည့်မှပဲ ကျမတို့ ဒီဘက်ကို ပြန်တင်ပြရမှာရှိပါတယ်။ အခုတလော ရန်ကုန်မှာ ဆွေးနွေးသွားပြီးတဲ့နောက် သူတို့တင်ပြစရာရှိတဲ့အပိုင်းတွေ သူတို့သွားပြီးမှ ပြုစုထားမယ် ပြောလို့ အဲဒါလေးကိုသွားပြီးမှ ဆွေးနွေးဖို့ပါပဲ။”

ဒီတွေ့ဆုံမှုဟာ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ အပစ်ခတ်မရပ်သေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ၄ ကြိမ်မြောက်တွေ့ဆုံတာဖြစ်ပါတယ်။

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တွေနဲ့ ယူအန်အက်ဖ်စီက ကိုယ်စားလှယ်တွေကို ဇွန် ၃ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာတကြိမ်၊ ဇူလိုင် ၁ ရက်နဲ့ ၁၆ ရက်တွေက ရန်ကုန်မှာ ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

လက်နက်ကိုင်မဟာမိတ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ပထမဆုံးတွေ့ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013