DVB Logo
Home
မြန်မာသတင်း
မိုင်ဂျာယန်တွင်ဆွေးနွေးမည့် နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စ အပစ်ရပ်ဖွဲ့များ ကြိုတင်ဆွေးနွေး
DVB
·
July 19, 2016
မိုင်ဂျာယန်တွင်ဆွေးနွေးမည့် နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စ အပစ်ရပ်ဖွဲ့များ ကြိုတင်ဆွေးနွေး
Donate to DVB

လာမယ့်ဇူလိုင်လ ၂၆ ရက်နေ့ မိုင်ဂျာယန်မှာ ကျင်းပဖို့ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေးအတွက် အစိုးရနဲ့ အပစ်ရပ် အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေက ဒီကနေ့ ဆွေးနွေးကြပါတယ်။

မိုင်ဂျာယန်ဆွေးနွေးပွဲမှာ အဓိက အားဖြင့် နိုင်ငံရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပြီး နိုင်ငံရေးမူဘောင် ပြင်ဆင်ရေးနဲ့ ပင်လုံယူအဆတွေကို ဆွေးနွေးကြဖို့ရှိပါတယ်။

ဒါကြောင့် ဒီဆွေးနွေးမယ့်အကြောင်းအရာနဲ့ပတ်သက်လို့ ဒီကနေ့ အန်စီအေလက်မှတ်ထိုးထား တဲ့အဖွဲ့တွေက အမြင်သဘောထားစုစည်းဆွေးနွေးခဲ့တယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“မိုင်ဂျာယန်မှာကတော့ နိုင်ငံရေးဂဏ္ဍနဲ့ လုံခြုံရေး ဂဏ္ဍ ၂ ခုရှိတာကို။ နောက်တချက်က နိုင်ငံရေး မူဘောင်ကို၏ဘယ်လို ပြင်မလဲဆိုတာရယ်၊ ပင်လုံလက်စွဲ၊ ပင်လုံသဘောထား၊ ပင်လုံရဲ့ အယူအဆကို တင်မယ်။ အဲဒီလေးချက်ရှိတော့ အဓိက ခတ်များများကတော့ ကျတောတို့က နိုင်ငံရေး ဂဏ္ဍပေါ့။ ဖယ်ဒရယ်အခြေခံမူ တူညီမှုရအောင် ဘယ်လိုလုပ်မလဲဆိုတာရယ်၊ နောက်ပြီး ဖက်ဒရယ်အခြေခံမူတွေက ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုတည်ဆောက်မယ် ဆိုတာ အန်စီအေမှာပါပြီးသားဖြစ်နေတဲ့အခါကျတော့ အဲဒီဟာကို ကျနော်တို့ နည်းလမ်း ရှာပြီးတော့ သွားမယ့်ကိုယ်စားလှယ်တွေက ကိုင်ဆွဲဖို့ အခြေခံမူကြမ်းပေါ့ အဲဒါတွေကို ပြင်ဆင်ကြတာပေါ့။”

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA လက် မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လက်မှတ်မရေး ထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့က ခေါင်းဆောင် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးတဲ့အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ အဖွဲ့တဖွဲ့ကို ကိုယ်စားလှယ် ၅ ဦးစီ၊ လေ့လာသူ ၅ ဦးနဲ့ ရုံးအဖွဲ့ ၅ ဦး စုစုပေါင်း တဖွဲ့ကို ၁၅ ဦးအထိ တက်ရောက်ခွင့်ရှိ တယ် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

ဒီအစည်းအဝေးကို တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့တက်ရောက်ဖို့ရှိသလို တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBFနဲ့ အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) WLB အဖွဲ့အစည်းတွေလည်း တက်ရာက်ဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013