DVB Logo
Home
Lead Story
၆၉ နှစ်မြောက် အာဇာနည်နေ့ မုံရွာမြို့တွင် ကျင်းပ
DVB
·
July 19, 2016
၆၉ နှစ်မြောက် အာဇာနည်နေ့ မုံရွာမြို့တွင် ကျင်းပ
1 / 9
Donate to DVB

၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းနားကို ဇူလိုင်လ ၁၉ ရက်နေ့ မနက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနဲ့ ပြည်သူများ ပူပေါင်းပြီး မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်နားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီး လွှတ်တော် အမတ်တွေ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးနဲ့ စစ်ဘက်အရာရှိတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့စည်းတွေ၊ လူမှုအဖွဲ့စည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ မြို့ခံပြည်သူတွေ ထောင်နဲ့ချီတက်ရောက်ကာ လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။

အာဇာနည်ခေါင်းဆောင်များ ကျဆုံးသွားခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာတော့ မီးသတ်ကားတွေ၊ စက်ရုံအလုပ်ရုံတွေ သင်္ဘောတွေက ဥသြများဆွဲခဲ့ကြပြီး ကားတွေနဲ့ ဆိုင်ကယ်တွေကလည်း ဟွန်းအရှည်တီးကာ ဂါရဝပြုခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013