DVB Logo
Home
Lead Story
မြောင်းမြမြို့ အာဇာနည်နေ့အခမ်းအနားကို ဌာနဆိုင်ရာများနှင့် မြို့သူမြို့သားများ ပူးပေါင်းကျင်းပ
DVB
·
July 19, 2016
မြောင်းမြမြို့ အာဇာနည်နေ့အခမ်းအနားကို ဌာနဆိုင်ရာများနှင့် မြို့သူမြို့သားများ ပူးပေါင်းကျင်းပ
1 / 12
Donate to DVB

၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ မြဂုဏ်ရည်လမ်းနဲ့ ၇ လမ်းထောင့်မှာရှိတဲ့ အာဇာနည်ကျောက်တိုင်မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားကို ခလရ ၉၃ က အရာရှိစစ်သည်အချို့နဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများ နိုင်ငံရေးပါတီများ အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည်သူများ လာရောက်ခဲ့ကြပါတယ်။

မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးများကို ဥဩဆွဲ ဂါဝရပြုခဲ့ကြပါတယ်။ အရင်ကတော့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက အာဇာနည်နေ့ အခမ်းအနားကို သီးသန့်ပြုလုပ်ခဲ့ ပြီး ဒီကနေ့ပြုလုပ်တဲ့အခမ်းအနားမှာတော့ ဌာနဆိုင်ရာနဲ့ မြို့သူမြို့သားတွေက ပထမဆုံးအကြိမ် ပူးပေါင်ပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားပဲဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - သော်ဇင်မျိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013