DVB Logo
Home
မြန်မာသတင်း
လ၀န်းထက်သာ အထည်ချုပ်စက်ရုံအလုပ်သမားများ နစ်နာကြေးရရှိ
DVB
·
July 18, 2016
လ၀န်းထက်သာ အထည်ချုပ်စက်ရုံအလုပ်သမားများ နစ်နာကြေးရရှိ
Donate to DVB

စက်ရုံပိတ်သွားတဲ့  လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်၊ လဝန်းထက်သာ အထည်ချုပ် စက်ရုံက အလုပ်သမား ၈၅ ဦးအတွက် နစ်နာကြေးတွေကို ဒီနေ့  လှိုင်သာယာမြို့နယ် ညှိနှိုင်း ဖြန်ဖြေရေးရုံးမှာ စက်ရုံဘက်က လာထုတ်ပေးခဲ့ပါတယ်။

ဒီစက်ရုံဟာ ဇွန်လ ၂၅ ရက်နေ့က  စက်ရုံပိတ်လိုက်တာဖြစ်ပြီး  အလုပ်သမား တွေရဖို့ရှိတဲ့  နစ်နာကြေး ၃ မျိုးထဲက  နို့တစ်ကြေးနဲ့  အလုပ်ထုတ်နစ်နာကြေးတွေကို ထုတ်ပေးခဲ့ပါတယ်။

ဒီနစ်နာကြေး ၂ မျိုးအတွက်  အလုပ်သမား ၈၅ ဦးဟာ ကျပ်သိန်း ၂၉၀ ကျော်ရရှိခဲ့ပြီး လုပ်သက်ခံစားခွင့်ကြေးတွေရဖို့ ကျန်နေပါသေးတယ်။

လဝန်းထက်သာ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ဒီလို  နစ်နာကြေးတွေရရှိဖို့ အတွက်  ဇူလိုင်လ ၇ ရက်နေ့နဲ့ ဇူလိုင်လ ၁၆ ရက်နေ့တွေက လှိုင်သာယာမြို့နယ်ထဲမှာ   လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ပိတ်သွားတဲ့ လဝန်းထက်သာ အထည်ချုပ် စက်ရုံက  အလုပ်သမားတွေရဲ့ ဇွန်လလုပ်ခလစာတွေကို ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013