DVB Logo
Home
မြန်မာသတင်း
အန်စီအေလက်မှတ်ထိုးအဖွဲ့များ ငြိမ်းချမ်းရေးညီလာခံအတွက်ဆွေးနွေး
DVB
·
July 18, 2016
အန်စီအေလက်မှတ်ထိုးအဖွဲ့များ ငြိမ်းချမ်းရေးညီလာခံအတွက်ဆွေးနွေး
Donate to DVB

အစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအတွက် သဘောထား စုစည်းဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးနေကြပါတယ်။

အဓိကအားဖြင့် ငြိမ်းချမ်ရေးညီလာခံနဲ့ လကုန်ပိုင်းကျရင် ကချင်ပြည်နယ် မိုင်ဂျာယန်မှာကျင်းပ မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စုံညီအစည်း အဝေးအတွက် အကြိုဆွေးနွေးကြ တာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက “၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံပြင်ဆင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်။ ဒုတိယအချက်ကတော့ လုပ်ငန်း အစီရင်ခံစာတွေကြားနာပြီး ဒီအပေါ် ရှေ့ဆက်ဘယ်လိုလျှောက်လှမ်းမလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ နောက် ၂၁ ရာစု ပင်လုံညီလာခံကျတော့ အခုပြင်ဆင်မှုက ဒီမိုင်ဂျာယန်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စုံညီစည်းဝေးပွဲ တက်ရောက်ဆွေးနွေးမယ့် ကိစ္စတွေကိုလည်း ကြိုတင်ဆွေးနွေးတဲ့ သဘောနဲ့ပါ။”

အစည်းအဝေး သဘာပတိ ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနဲ့အကွ တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ စစ်မှန်တဲ့ ငြိမ်ချမ်းရေးကို အာမခံတဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းသာဖြစ်တယ်လို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးတောင်းဆိုချက်တွေဟာ လိုက်လျောညီထွေရှိပြီး လက်တွေ့ကျဖို့လိုတယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးက “ကျနော်တို့အားလုံး ရည်မှန်းချက်ကို ရရှိဖို့အတွက် ယခင်အစိုးရ လက်ထက်မှာလည်း ကြိုးစားခဲ့သလို ယခုအစိုးရသစ်လက်ထက်မှာလည်း ကြိုးစားဆောင်ရွက်ရ မှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ နိုင်ငံရေး လိုလားချက်၊ နိုင်ငံရေးဆွေးနွေးမှု တောင်းဆိုချက်များဟာ ပကတိ တိုင်းပြည်ရဲ့အခြေအနေနဲ့ လိုက်ရောညီထွေကိုက်ညီသည့် သက်ဆိုင်ရာအစုအဖွဲ့များ အားလုံးက လက်ခံနိုင်တဲ့ လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံရေး အဖြေကို ရရှိဖို့လိုအပ်ပါတယ်။”

“ဆိုလိုတာက မိမိလိုအပ်ချက်အကုန်လုံးရမှ လက်ခံနိုင်တဲ့ နိုင်ငံရေးအဖြေမဟုတ်ဘဲ သမာသမတ်ကျတဲ့ နိုင်ငံရေးအဖြေကို ရရှိဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။”

အစည်းအဝေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Orchid Hotel မှာ ဒီကနေ့ ဇူလိုင် ၁၈ ရက်နေ့က ၂၀ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံမှာ အစည်းအဝေးကျင်းပနေစဉ်မှာ မြန်မာနိုင်ငံတွင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အန်စီအေလက်မှတ်မထိုးသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်တွေဟာလည်း ၂၁ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်နိုင်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013