DVB Logo
Home
မြန်မာသတင်း
အစိုးရကို ဖြုတ်ချဖို့ ဇင်ဘာဘွေအမျိုးသမီးများ သံပုံး၊ အိုးခွက်များတီးကာ ဆန္ဒပြ (ရုပ်သံ)
DVB
·
July 17, 2016
အစိုးရကို ဖြုတ်ချဖို့ ဇင်ဘာဘွေအမျိုးသမီးများ သံပုံး၊ အိုးခွက်များတီးကာ ဆန္ဒပြ (ရုပ်သံ)
Donate to DVB

ဇင်ဘာဘွေနိုင်ငံမှာ ရာနဲ့ချီတဲ့ အမျိုးသမီးတွေဟာ လက်ရှိသမ္မတ မူဂါဘေးအစိုး ရကို ဖြုတ်ချဖို့အတွက် သံပုံးတွေ၊ ဒယ်အိုးတွေကို တီးခတ်ပြီး စုရုံးဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ ဘာကိုညွှန်ပြနေသလဲဆိုတော့ နိုင်ငံတ၀ှမ်းရင်ဆိုင်နေရတဲ့ ငတ်မွတ်ခေါင်း ပါးမှုနဲ့ စီးပွားရေးဘဏ္ဍာရေးအကြပ်အတည်းတွေကို သရုပ်ဖော်ဆန္ဒပြကြတာပဲဖြစ်ပါ တယ်။

ဒီဆန္ဒပြပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က ဘူလာဝေယိုမြို့မှာ စတင်ခဲ့တာဖြစ်ပြီး #BeatThePot လို့ အမည်တပ်လှုပ်ရှားခဲ့ကြတာပါ။

ဒီမိုကရေစီစနစ် ပြောင်းလဲရေး လှုပ်ရှားမှု ဆန္ဒပြပွဲဦးဆောင်သူ ဒုဥက္ကဋ္ဌ သော့ ကော့ဇ်နီး ခူဖေးက “ကျမတို့ တီးတဲ့ ဒီအိုးတွေဟာ အိမ်တိုင်းမှာ ချက်ပြုတ်စားသောက် စရာမရှိတော့တာမို့ ကြာရှည်နေပြီဆိုတာကို ယူဆောင်လာတာမျိုးပါ။ ကျမတို့ ငတ်မွတ် ခေါင်းပါးမှုဒဏ်ကို ခံနေကြရပါတယ်”လို့ ပြောပါတယ်။

အမျိုးသမီးတွေဟာ အနီရောင်တူညီဝတ်စုံတွေနဲ့ သံပုံးတွေ၊ အိုးတွေကို တီး ခတ်ကာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

သူတို့တွေဟာ ဘူလာဝေယိုမြို့လယ်ခေါင် စီးပွားရေးအချက်အချာကျတဲ့နေရာ တွင်းမှာ သံပုံးတွေ၊ အိုးတွေကို မီးဖိုချောင်သုံး စတီးချောင်းတွေ၊ သစ်သားချောင်းတွေနဲ့ တီးခတ်သီဆိုကာ လှည့်လည်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

ခုလိုဆန္ဒပြပွဲတွေဟာ ဇင်ဘာဘွေနိုင်ငံရဲ့ စီးပွားရေးကြပ်တည်းမှုဆိုးဆိုးဝါးဝါး ဖြစ် လာခဲ့ချိန်မှာ နိုင်ငံအ၀ှမ်း ဆက်တိုက်ဖြစ်လာခဲ့တာပါ။

ခူဖေးကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဇင်ဘာဘွေနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပဋိပက္ခတွေမှာ ပါဝင်ကူညီပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

“ကျမတို့အနေနဲက မူဂါဘေးအစိုးရ မပြုတ်မချင်း၊ ပြည်သူတွေ မလွတ်လပ်မချင်း၊ ခုလိုဆက်ပြီး ဆန္ဒပြတာတွေကို လုပ်နေရဦးမှာပါပဲ”

ဇင်ဘာဘွေနိုင်ငံဟာ လက်ရှိမှာ စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရကာ အလုပ်လက်မဲ့ပြဿနာတွေနဲ့အတူ အစိုးရအနေနဲ့ အလုပ်သမားတွေကို ငွေပေးချေနိုင်ဖို့ အခက်အခဲတွေကိုပါ ရင်ဆိုင်နေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013