DVB Logo
Home
Lead Story
တိုကျိုမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ
DVB
·
July 17, 2016
တိုကျိုမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ
1 / 4
Donate to DVB

ဂျပန်နိုင်ငံ တိုကျိုအိတဘရှိမြို့ ထေရဝါဒပရိယတ္တိ ကျောင်းတော်ကြီးရဲ့ ၈ ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ဂျပန်နိုင်ငံမှာ ခေတ္တသီတင်းသုံးနေတဲ့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရွှေသစ္စာပါရမီတောရ ဖားအောက်ရိပ်သာကြီးရဲ့ ပဓာန နာယက ဆရာတော်အရှင်ဘဒ္ဒန္တကုမုဒ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ခရမ်းရွာ ဓမ္မမေဒနီကျောင်းတိုက်ကြီးရဲ့ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝရောစန (ခရမ်းဆရာတော်)၊ နဂိုယာ ဆရာတော်တိုကျို အိတဘရှိမြို့ ထေရဝါဒပရိယတ္တိ ဆရာတော်အပါအ၀င်သံဃာတော် ၁၀ ပါးကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော်က ဝါဆိုသင်္ကန်း ပရိက္ခရာတို့ကို ကပ်လှူခဲ့ကြ ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013