DVB Logo
Home
မြန်မာသတင်း
ပုလောတွင် ကုန်တင်ကား တိမ်းမှောက်
DVB
·
July 17, 2016
ပုလောတွင် ကုန်တင်ကား တိမ်းမှောက်
1 / 3
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်မှာ ကုန်တင်ကားကြီးတစီး ဒီနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့ပါတယ်။

ပုလောမြို့နယ် မကျည်းကုန်းကျေးရွာအုပ်စ ခမောက်တောကျေးရွာအလွန် မြိတ်- ပုလော ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၀၂/၄) အနီးတွင် ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီလောက်က တိမ်းမှောက်ခဲ့တာပါ။

ကုတင်ကားတိမ်းမှောက်တာနဲ့ ပတ်သက်ပြီး ပုလောမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက “မော်တော်ယာဉ် တိမ်းမှောက်တာက ၁၂ ဘီးတပ် ကုန်တင်ကားကြီးပါ။ ဗလာစာအုပ်အမျိုးမျိုးနှင့် လူသုံးကုန် ပစ္စည်းအမျိုးမျိုး တင်ဆောင်ထားတာပါ။ ထားဝယ်မြို့မှ မြိတ်မြို့ဘက်သို့ မောင်းနှင် လာစဉ် မိုင်တိုင်အမှတ် (၁၀၂/၄) အနီး ကုန်းတက်တွင် လမ်းချော၍ နောက်ပြန်လျှောကျပြီး ဘေးတစောင်းအနေအထားဖြင့် တိမ်းမှောက်ခဲ့တာ”လို့ ပြောဆိုပါတယ်။

ယာဉ်အမှတ် (9B/ 1103) NISSAN TRUCK ယာဉ်အမျိုးအစား မောင်းနှင်လာသူ ဇော်ဦး အသက် (၄၂) နှစ်ဟာ ပုလောမြို့မရဲစခန်းရဲ့ ယာဉ်(ပ)၂၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ယာဉ်တိမ်မှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာများ ရရှိခြင်းမရှိကြောင်း သိရပါတယ်။

သတင်း - မြတ်ထွဋ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013