DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့တွင် မူလအာဇာနည်ဂူဗိမ္မာန်ပုံစံပြုလုပ်ကာ အာဇာနည်နေ့ ကျင်းပမည်
DVB
·
July 17, 2016
ရေဦးမြို့တွင် မူလအာဇာနည်ဂူဗိမ္မာန်ပုံစံပြုလုပ်ကာ အာဇာနည်နေ့ ကျင်းပမည်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့ရှိ မြို့မကျောက်တိုင်အားကစားကွင်းမှာ ရေဦးမြို့ လူငယ်တွေက ဦးဆောင်ပြီး အာဇာနည်နေ့အတွက် ရန်ကုန်မြို့ရှိ အာဇာနည်ဂူဗိမ္မာန်ပုံစံ ပြုလုပ်ပြီး အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမှာ ဖြစ်ပါတယ်။

ရေဦးမြို့ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးညီဝင်းအောင်ရဲ့ အကြံပြုချက်အရ အခုလို လုပ်ဖြစ်တာဖြစ်ပြီး လူငယ်တွေကဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ တဦးတည်း စပွန်ဆာပေးမယ့်သူရှိပေမယ့် လူငယ်တွေက လက်မခံဘဲ အားလုံးပါဝင်တဲ့ပွဲ ဖြစ်အောင် လူငယ်တယောက်ကို အများဆုံး ၅၀၀၀ ကျပ်သာ ထည့်ဝင်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ကြတာဖြစ်ပါတယ်။

“အရပ်သားအစိုးရ တစ်နည်းအားဖြင့် ဒီမိုကရေစီအစိုးရလက်ထက်မှာ ပြည်သူတွေ ပူးပေါင်း ပါဝင်ပြီး ပထမဆုံးကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားဖြစ်ကာ ယခုလို ဂူဗိမ္မာန်ပုံစံငယ်က လည်း ရေဦးမြို့ရဲ့ပထမဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းမှာ ရေဦးတမြို့ထဲ လုပ်တာဖြစ်တယ်”လို့ ရေဦးမြို့ခံ ဦးအောင်မြင့်သောင်းက ဒီဗွီဘီကိုပြောပါတယ်။

အခုလို ပုံစံတူလုပ်ရတာက ရန်ကုန်မှာရှိတဲ့ မူလဂူဗိမ္မာန်ကို သွားရောက်ဂါရဝမပြုနိုင်တဲ့သူတွေ ဂုဏ်ပြုနိုင်အောင်၊ အာဇာနည်ဂူဗိမ္မာန်ကိုမမြင်ဖူးသူတွေ မြင်ဖူးအောင်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဂုဏ်သိက္ခာကို နောင်လာ နောက်သား လူငယ်များအတုယူနိုင်ကြစေရန် ရည်ရွယ်ပြီးပြုလုပ်ကြတာပါလို့လည်း ပြောပါ တယ်လို့ ဦးအောင်မြင့်သောင်းက ဆက်လက်ပြောပါတယ်။

မြို့မကျောက်တိုင်ကွင်းထဲကို ပြည်သူတွေနဲ့အတူ ဌာနဆိုင်ရာတွေပါ ပူးပေါင်း အလေးပြုကြမှာ ဖြစ်သလို ရေဦးမြို့မှာရှိတဲ့ မီးသတ်ယာဉ် ၅စီးကလည်း နေရာ ၅နေရာခွဲကာ တစ်ပြိုင်နက်ထဲ ဥဩဆွဲဂုဏ်ပြုကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။
သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013