DVB Logo
Home
မြန်မာသတင်း
မင်းပြားမြစ်တွင် ကယ်ဆယ်ရေးပစ္စည်းသယ်ဆောင်သည့်စက်လှေနစ်မြုပ်၊ ၁ ဦးပျောက်ဆုံးနေ
DVB
·
July 17, 2016
မင်းပြားမြစ်တွင် ကယ်ဆယ်ရေးပစ္စည်းသယ်ဆောင်သည့်စက်လှေနစ်မြုပ်၊ ၁ ဦးပျောက်ဆုံးနေ
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့ ရာမောင်တံတားမရောက်အနီး မင်းပြားမြစ်အတွင်း မင်းပြားမြို့က ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့စက်လှေ နစ်မြုပ်ခဲ့လို့ စက်လှေပေါ်ပါ တဦးပျောက်ဆုံးနေပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ် ၃ နာရီခန့်က မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာမှ စက်လှေ ၄ စီးဟာ မင်းပြားမြို့က ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်လာပြီးနောက် ရာမောင်တံတားအနီး မင်းပြားမြစ်အတွင်းမှာ မိုးသည်းစွာရွာပြီး လှိုင်းကြီးတာကြောင့် စက်လှေဟာ ကျောက်ဆောင်နဲ့တိုက်မိလို့ ရေ၀ဲထဲကို ၀င်ရောက်ပြီးတော့ နစ်မြုပ်ခဲ့ခြင်းဖြစ်တယ်လို့ ကုလားမတောင်ကျေးရွာ အုပ်ရေးမှူးကိုအောင်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့က မင်းမြားမြို့က ကယ်ဆယ်ရေးပေးလို့ ရွာကိုအပြန်မှာ စက်လှေ၎ စီးလုံးမှာ ဆန်အိတ်တွေ ပါတယ်။ ပဲအိတ်တွေပါတယ်။ မင်းပြားမြို့အလွန်မှာ မိုးအရမ်းရွာတယ်၊ ပြီးတော့ လှိုင်းတွေထနေပါတယ်၊ အဲ့ဒီနားမှာ ရေ၀ဲတွေရှိနေတယ်။ ကျနော်က လှမ်းပြောလိုက်တယ်။ ကမ်းနားကိုကပ်ကြ၊ ကမ်းနားကိုကပ်ကြ၊ လေနဲ့မိုး လာနေပြီးဆိုပြီးတော့ အော်လိုက်တယ်။ ဒီတော့ စက်လှေကို ကမ်းနားကပ်ဖို့ကြိုးစားတဲ့အချိန်မှာ ကျောက်ဆောင်နဲ့တိုက်မိတယ်။ အဲ့ဒီမှာ ရေ၀ဲတွေရှိတယ်။ စက်လှေရေ၀ဲထဲကို ၀င်သွားတယ်။ အဲ့ဒီမှာစက်လှေကနစ် သွားတာပဲလို့ ပြောပါတယ်။ စက်လှေပေါ်မှာလိုက်ပါတဲ့ လူ၅ ဦးဟာ အကုန်နစ်မြုပ်ခဲ့ပြီးတော့ ၄ ဦး အသက်ရှင် ခွင့်ရရှိခဲ့ပေမယ့် တဦးကိုတော့ အခုအချိန်ရှာမတွေ့သေးဘူးလို့ ပြောပါတယ်။ အဲ့ဒီကိစ္စ စက်လှေနစ်မြုပ်တာနဲ့ ပတ်သက်လို့ မင်းပြားမြို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူ့မှုအဖွဲ့အစည်းတွေကို အကြောင်းကြားတယ်လို့ ပြောပါတယ်။ ပျောက်ဆုံးသွားတဲ့သူကို စက်လှေနစ်သွားတဲ့ အချိန်အပြင်းအထန်ရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့သလို ညနေ ၅ နာရီအချိန်မှာ တကြိမ်ပြန်လည်ရှာဖွေပေမယ့် မရရှိခဲ့ဘူးလို့ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောပါတယ်။

ကုလားမတောင်ကျေးရွာမှ မင်းပြားမြို့ကို စက်လှေ ၄ စီးနဲ့ကယ်ဆယ်ရေးပစ္စည်းတွေသွားယူလို့ ရွာကို ပြန်အလာမှာနစ်မြုပ်ခဲ့တာပါ။

စက်လှေတွေပါလာတဲ့ လူတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေဟာ ကုလားမတောင်ကျေးရွာက ဖြစ်ပြီး၊ ပျောက်ဆုံးနေသူကတော့ ကုလားမတောင်ကျေးရွာမှ ဦးမောင်ထွန်းလှသားကို မောင်တင်ဝင်း ၃၆ နှစ်ဖြစ်ကြောင်းသိရပါတယ်။

နစ်မြုပ်ခဲ့တဲ့စက်လှေမှာ ကယ်ဆယ်ရေးပစ္စည်းတွေဖြစ်ကြတဲ့ ဆန်အိတ်၅၀နဲ့ ပဲ ၁၇ အိတ်နဲ့ ဆီ ၁၅ ဗူးပါထည့်လာပြီး၊ ကုလားမတောင်ကျေးရွာအတွက် ကယ်ဆယ်ရေးပစ္စည်းတွေကို စက်လှေ ၄ စီးပေါ်နဲ့အတူ ဆန်အိတ် ၁၃၃ အိတ်သယ်ဆောင်လာခဲ့တာပါ။
သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013