DVB Logo
Home
မြန်မာသတင်း
ပါကစ္စတန်မော်ဒယ်မင်းသမီးကို လူမှုရေးအရှက်ရစေမှုဖြင့် မောင်ဖြစ်သူက သတ်ဖြတ် (ရုပ်သံ)
DVB
·
July 17, 2016
Donate to DVB

ပါကစ္စတန်အင်တာနက်လူမှုကွန်ရက်တွေမှာ လူသိများကျော်ကြားတဲ့ မော်ဒယ်မင်းသမီးတဦးကို မောင်ဖြစ်သူက သတ်ဖြတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့က မနေ့ကပြောဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် မော်ဒယ်မင်းသမီး ကွမ်ဒီလ်း Qandeel ဟာ သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာ လျှပ်ပေါ်လောလီတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဘာသာရေး၊ လူမှုရေး အငြင်းပွားစရာ အရေးအသားတွေ ပွင့်ပွင့်လင်းလင်းရေးတင်တဲ့အတွက် ရှေးရိုးစွဲမွတ်စလင်တွေက သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာပါ။

သူနဲ့ မွတ်စလင်ဗလီဆရာတဦးနဲ့ တွဲလျက်ပုံတွေ အင်တာနက်ပေါ်တင်ခဲ့အပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ကရာချီမြို့ကနေ ပန်ချပ်ပြည်နယ်ကို တိမ်းရှောင်လာချိန်မှာ မောင်ဖြစ်သူက သတ်ဖြတ်လိုက်တာပါ။ လည်ပင်းညစ် သတ်ဖြတ်ခံရပြီး မိသားစုကို အရှက်ရစေလို့ မောင်ဖြစ်သူက သတ်ဖြတ်ပုံရတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

သောကြာနေ့ညက မောင်ဖြစ်သူနဲ့ စကားများခဲ့ပြီး သူသတ်ဖြတ်ခံရတာ စနေနေ့ မနက်မှ သိတယ်လို့ မိဘတွေက ဒေသခံသတင်းဌာနတခုကို ပြောဆိုပါတယ်။

သတ်ခဲ့တဲ့မောင်ကတော့ တိမ်းရှောင်နေပြီး မိဘတွေကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အခုလို မိသားစုဝင်တွေကို ဘာသာရေးလူမှုရေး အရှက်ရစေမှုနဲ့ မွေးချင်း၊ အမ၊ နှမတို့ကို သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013