DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းမှုမအောင်မြင်ခဲ့သည့် တူရကီတပ်ဖွဲ့ဝင် ၂၈၀၀ ကျော် ဖမ်းဆီးခံရ (ရုပ်သံ)
DVB
·
July 17, 2016
အာဏာသိမ်းမှုမအောင်မြင်ခဲ့သည့် တူရကီတပ်ဖွဲ့ဝင် ၂၈၀၀ ကျော် ဖမ်းဆီးခံရ (ရုပ်သံ)
Donate to DVB

တူရကီနိုင်ငံမှာ သောကြာနေ့က မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီး အာဏာသိမ်းအဆင့်မြင့် အရာရှိတွေအပါအ၀င် တူရကီတပ်ဖွဲ့ဝင် ၂၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။

အာဏာသိမ်းမှု ကြိုးစားမှု ပျက်သွားပြီဖြစ်ပေမယ့် လူ ၁၆၀ ကျော်သေဆုံးပြီး ၁၄၄၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့အတွက် တူရကီဒီမိုကရေစီစနစ်အတွက် အမည်းစက်ထင်တဲ့ည တညဖြစ်ခဲ့ တယ်လို့ တူရကီသမတ အာဒိုဝမ်က ပြောဆိုပါတယ်။

သောကြာနေ့ည မြို့တော် အန်ကာရာအပါအ၀င်၊ အစ္စတန်ဘူလ်းမြို့နဲ့ တခြားမြို့တွေမှာ ပေါက်ကွဲမှုတွေ သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်အုံကြွဖို့ သမ္မတက ပြည်သူတွေကို ပန်ကြားခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ကွယ်မှာ ဘယ်သူတွေက ကြိုးကိုင်တယ်ဆိုတာတော့ မသိသေးပေမယ့် သမ္မတကတော့ ပြိုင်ဖက် ပြည်ပြေးဘာသာရေးခေါင်းဆောင် ဖက် ဂူလန်ကို ပြစ်တင်စွပ်စွဲပါတယ်။ ဂူလန်ကတော့ သမ္မတရဲ့စွပ်စွဲမှုကို ငြင်းဆန်လိုက်ပြီး စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013