DVB Logo
Home
မြန်မာသတင်း
CNN သတင်းဌာနကို ၀င်စီးနင်းခဲ့သည့် လက်နက်ချတူရကီစစ်သားများကို ရုံးဝန်ထမ်းများ ၀ိုင်းရိုက် (ရုပ်သံ)
DVB
·
July 16, 2016
CNN သတင်းဌာနကို ၀င်စီးနင်းခဲ့သည့် လက်နက်ချတူရကီစစ်သားများကို ရုံးဝန်ထမ်းများ ၀ိုင်းရိုက် (ရုပ်သံ)
Donate to DVB

တူရကီစစ်တပ် အာဏာသိမ်းပွဲအတွင်း တူရကီနိုင်ငံ အခြေစိုက် CNN သတင်းဌာနကို စစ်သားတွေ ၀င်စီးခဲ့ပြီး နောက်ပိုင်း မအောင်မမြင်ဖြစ်ခဲ့လို့ လက်နက်ချတဲ့အခါ ရုံးဝန်ထမ်းတွေက စစ်သားတွေကို ၀ိုင်းရိုက်ခဲ့တဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။

အာဏာသိမ်းဖို့ ကြံစည်သူတွေလည်း ကြီးလေးတဲ့ တန်ဖိုးတွေ ပေးဆပ်ရမယ်လို့လည်း သမ္မတ အာဒို၈ံက အန်ကာရာမြို့ ပြန်မရောက်ခင်မှာ ပြောခဲ့ပါတယ်။ အမေရိကန်မှာ နေထိုင်ေနတဲ့ တူရကီ ဘာသာရေး ခေါင်းဆောင် ဂူလန်က စစ်တပ် အာဏာသိမ်းမှုဟာ သူနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားတာကို တူရကီပြည်သူတွေက ဆန့်ကျင်ခဲ့ပြီးတဲ့နောက် အာဏာသိမ်းမှုမအောင်မြင်ဖြစ်ခဲ့ရပါတယ်။ အခုချိန်ထိ အာဏာသိမ်းတာကို ဘယ်သူလုပ်ဆောင်လဲ ဆိုတာကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတဲ့ ဖြစ်စဉ်မှာ အနည်းဆုံး လူ ၉၀ သေဆုံးခဲ့ပြီး စစ်တပ်အရာရှိ ၁၅၆၃ ဦး ဖမ်းဆီးထားတယ်လို့ တရားရေး ၀န်ကြီးဌာနက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013