DVB Logo
Home
မြန်မာသတင်း
အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာရပ်တန့်ပေးရေး လူထောင်ချီဆန္ဒပြ
DVB
·
July 16, 2016
အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာရပ်တန့်ပေးရေး လူထောင်ချီဆန္ဒပြ
1 / 4
Donate to DVB

ဒေသခံပြည်သူများ အေးချမ်းစွာ သွာလာအသက်ရှင် နေထိုင်နိုင်ရေး၊ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေရပ်တန့်ရေးတို့အတွက် လားရှိုးမြို့မှာ လူထုထောင်ချီ စုရုံးဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က ရှမ်း၊ကချင်၊ပလောင် လူမှု အဖွဲ့အစည်းအသီးသီးက လူငယ်တွေ ဦးဆောင်ပြီး မြို့တပတ် လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ စိုင်းနော်ဆိုင်းက သူတို့ မြို့ပတ်တောင်းဆိုခဲ့တဲ့အချက်တွေကို ခုလို ပြောပါတယ်။

“နံပတ်တစ်က ပြည်သူများ အေးချမ်းစွာသွားလာ အသက်ရှင်သန် နေထိုင်ရေး၊ နံပတ်နှစ်က အပြစ်မဲ့တဲ့ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်ပေးရန်၊ နံပတ်သုံးက လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရေး။”

တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး  စသဖြင့် အချက် ၇ ချက် တောင်းဆိုခဲ့ကြ တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် လားရှိုးမြို့နယ်အတွင်း ပြီးခဲ့တဲ့လက ရွာသား ၇ ဦး ပစ်သတ်ခံခဲ့ရပြီး ဘယ်အဖွဲ့အစည်းက သတ်မှန်း ခုထိ အဖြေမပေါ်သေးပါဘူး။

အဲ့ဒီဒေသမှာ တပ်မတော်၊ရှမ်းနဲ့ ကချင်၊တအန်းပလောင်တပ်ဖွဲ့များ လှုပ်ရှားသွားလာနေကြပြီး တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားကာ ကျေးရွာတချို့လည်း မီးရှို့ ဖျက်ဆီးခံရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013