DVB Logo
Home
မြန်မာသတင်း
နေ့စဉ် မြစ်ဖြတ်ကူးကျောင်းတက်နေရသည့် ကျောင်းသား/သူများကို Life Jacket များလှူဒါန်း
DVB
·
July 16, 2016
နေ့စဉ် မြစ်ဖြတ်ကူးကျောင်းတက်နေရသည့် ကျောင်းသား/သူများကို Life Jacket များလှူဒါန်း
1 / 4
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ၀ါဘိုကျေးရွာက မြစ်ဖြတ်ကူးပြီး ကျောင်းသွားလာနေရတဲ့ အထက ၈ ကျောင်းက ကျောင်းသူကျောင်းသားတွေကို ၀ံလက်ဖောင်ဒေးရှင်းက အရေးပေါ် Life Jacket အင်္ကျီတွေ လှူဒါန်းခဲ့ကြပါတယ်။

စစ်တွေမြို့နယ် ၀ါဘိုကျေးရွာ အထက ၈ ကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေ နဲ့ ကျောင်းဆရာမတွေဟာ ပေ ၁၀၀၀ ကျော်လောက်ရှည်တဲ့ မင်းကံမြစ်နဲ့ ပေ ၅၀၀ လောက်ရှည်တဲ့ စစ်တွေနဲ့ ဝါဘိုကျေးရွာမြစ်တို့ကို နေ့စဉ် ကူးတို့နဲ့ အန္တရာယ်ကြားက ဖြတ်ကူးနေကြရတဲ့အတွက် ၀ံလက်ဖောင်းဒေရှင်းက ဦးဆောင်ပြီး အရေးပေါ် Life Jacket အင်္ကျီ ၉၈ ခုကို လှူဒါန်းခဲ့တာပါ။

ဇွန်လ ၁ ၇က်နေ့က ပုဏ္ဏားကျွန်းမြို့နယ်မှာ မြစ်ဖြတ်ကူးစဉ် စက်လှေမှောက်ကာ ကျောင်းသူ၊ ကျောင်းသား ၇ ဦး သေဆုံးခဲ့အတွက် အခု ၀ါဘိုကျေးရွာ အထက ၈ ကျောင်းက ကျောင်းသူကျောင်းသားတွေ ပညာဆည်းပူးရာမှာ လုံလုံခြုံခြုံဖြစ်စေဖို့ အရေးပေါ် Life Jacket အင်္ကျီတွေကို လှူဒါန်းခဲ့တာလို့ ၀ံလက်ဖောင်ဒေရှင်းက စာရေးဆရာ ဝေဟင်အောင်က အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်က ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောင်းသူ ကျောင်းသားတွေ မြစ်ဖြတ်ပြီးတော့ ကူးတဲ့အခါမှာ ရေနစ်ပြီးတော့ ၇ ဦး သေဆုံးခဲ့တယ်လေ။ သူတို့ဘ၀မှာ ပညာလေးတစ်ခုကို လုံလုံခြုံခြုံ သင်ယူခွင့်မရခဲ့ဘူးဆိုရင် သူတို့ဘ၀တွေဟာ တိုးတက်အောင်မြင်စရာ အကြောင်း မရှိဘူးပေါ့လေ။ သူတို့ ဘ၀တခုအတွက် ပညာတခုဆည်းပူးဖို့လုံလုံခြုံခြုံနဲ့ ပညာသင်ခွင့်ရဖို့ အတွက် တဖက်တလမ်းကနေ လုပ်ပေးတာပဲ။ ပိုးရွှီးပြင်မှာ ကျောင်းသူ၊ ကျောင်းသားတွေ သေဆုံးခဲ့တဲ့အဖြစ် ဆိုးမျိုးနဲ့နောက်ထပ် မကြုံရအောင် တာဝန်ရှိသူအပိုင်းကလည်း လုပ်ပေးဖို့ လိုပါတယ်။”

အခု ၀ံလက်ဖောင်ဒေးရှင်းက Life Jacket အင်္ကျီတွေ လှူဒါန်းခဲ့တဲ့ စစ်တွေမြို့နယ်၊ ၀ါဘိုကျေးရွာ အထက ၈ ကျောင်းကို ရောက်ဖို့ ပေ ၅၀၀ လောက်ရှည်တဲ့မြစ်ကို ကူးတို့ကူးပြီး ကျောင်းသားကျောင်းသူ ၇၄ ယောက်နဲ့ ဆရာ/မ ၂၄ ဦးနေ့စဉ်နေ့တိုင်း ကျောင်းကို လာကြရပါတယ်။

ဒါ့အပြင် ရဲရုပ်ပင်ရွာ ကကျောင်းသူကျောင်းသားတွေကတော့ ပေ ၁၀၀၀ ကျော်လောက်ရှည်တဲ့ မင်းကံမြစ်ကို ကူးတို့နဲ့နေ့စဉ် ဖြတ်ကျော်ပြီး ကျောင်းလာတက်နေရတာပါ။ အဲ့ဒါကြောင့် ၀ံလက် ဖောင်ဒေရှင်းမှ ဆရာဝေဟင်အောင်၊ ဆရာဗဂျီးကျော်(စစ်တွေ)၊ ကိုဦးသိန်းမောင် (ကံ့ကော်ကျွန်း) ဦးစီးဦးဆောင်ပြုလုပ်ပြီးတော့ ကျောင်းသားကျောင်းသူ ၇၄ ယောက်နှင့် ဆရာ/မ ၂၄ ဦးအတွက် Life Jacket အင်္ကျီတွေကို ဇူလှိုင် ၁၄ ရက်နေ့က အလှူရှင်များကိုယ်စား လှူဒါန်းတန်းခဲ့တာပါ။

အဲ့ဒီကျောင်းမှာ စာသင်ခုံတွေ မလုံလောက်တဲ့အပြင် ကျောင်းသားသူ၊ ကျောင်းသားဦးရေ ဟာလည်း သက်မှတ်ထားတာထက် ကျောင်းသားဦးရေ အဆမတန်များပြားလွန်တာကြောင့် စာသင်ခုံတွေ ထပ်မံလိုအပ်နေတယ်လို့ ၀ါဘိုကျေးရွာ အထက (၈) ကျောင်း အထက်တန်းပြ ကျောင်းဆရာမတဦးက ပြောပါတယ်။

“ကျွန်မတို့ ကျောင်းကို လာတက်တဲ့ ကျောင်းသူကျောင်းသားတွေချောင်းကို ကူးတို့နဲ့ကူးပြီးတော့ လာရတဲ့အတွက်ကြောင့် အရမ်းအန္တရာယ်များပါတယ်။ နောက်ပြီးရေကြီးတဲ့အခါဆိုရင် သတိနဲ့ ကျွန်မတို့ ချောင်းကို ကူးပြီးတော့ သွားလာရတယ်။ ကျောင်းမှာကျောင်းသူကျောင်းသားဦးရေ ၃၀၀ ကျော်ရှိတယ်။ စာသင်ခုံတွေ မလုံလောက်ဘူး။ လူဦးရေများလွန်လို့ စာသင်ချိန်ကို ခွဲပြီးသင်ပေးနေရပါတယ်။ ပြည်နယ်ပညာရေးဌာနကတော့ ကျွန်မတို့ ကျောင်းဒီလိုဟာမျိုး ပေးတာမရှိပါဘူး”လို့ ပြောပါတယ်။

စစ်တွေမြို့နယ်၊ ၀ါဘိုကျေးရွာ အထက (၈) ကျောင်းကို ကူးတိုးနဲ့ ကျောင်းလာတက်ရတဲ့ ရွာတွေကတော့ တောကန်ရွာ၊ ကြံတောရွာ၊ မင်းကံရွာ၊ ဇော်မတက်ကျေးရွာ၊ ရဲရုပ်ပင်ရွာတွေက ဖြစ်ကြပြီးတော့ အဲ့ဒီကျောင်းမှာ သူငယ်တန်းကနေ ၁၀ တန်းအထိ ကျောင်းသူ၊ ကျောင်းသား ၃၆၀ ဦးရှိပါတယ်။ ဒါ့အပြင် မြန်မာသတင်းမီဒီယာကောင်စီ (MPC)က ရခိုင်ပြည်နယ်၊ ပြည်နယ်ပညာရေးမှူးရုံးကတဆင့် မြစ်ချောင်းတွေ ကူးပြီး ပညာသင်ယူနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် အသက်ကယ်အင်္ကျီအထည် ၁၀၀ ကျော်ကို ဇူလိုင်လ ၁၅ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုရွှီးပြင်းအထက်တန်းကျောင်းမှာအပြန် ကျောင်းသူ ကျောင်းသား ၃၅ ဦးသယ်ဆောင်လာတဲ့ စက်လှေတစ်စီးနစ်မြုပ်ခဲ့ပြီး ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ ပေမယ့် ၇ ဦးသေဆုံးခဲ့ပါတယ်။
သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013