DVB Logo
Home
မြန်မာသတင်း
အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများစည်းဝေး မြန်မာတွင်ပြုလုပ်မည်ဟု သမ္မတပြော
DVB
·
July 16, 2016
အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများစည်းဝေး မြန်မာတွင်ပြုလုပ်မည်ဟု သမ္မတပြော
Donate to DVB

၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းမှာ အာရှ-ဥရောပ ASEM အာဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ ၁၁ ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေးမှာ ဇူလိုင် ၁၅ရက်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခုလို ကတိပြု ပြောကြားခဲ့တာလို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။

“လာမည့် ASEM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂ဝ၁၇ ခုနှစ်လယ်တွင် မိမိတို့အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်ဆိုသည့် ကတိကဝတ်ကို မိမိအနေဖြင့် ထပ်လောင်း အတည်ပြုလိုပြီး ယင်းအစည်းအဝေးက ASEM ဝန်ကြီးများကို မိမိတို့ နိုင်ငံတွင် ဖြစ်ပျက်နေသည့် စိတ်လှုပ်ရှား ဖွယ်ရာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တွေ့ကြုံစေမည်ဖြစ်ပါကြောင်း။”

ဒါ့အပြင် ဦးထင်ကျော်က တရားဥပဒေစိုးမိုးရေး၊ မူးယစ်မှောင်ခိုတိုက်ဖျက်ရေး၊ အကျင့်ပျက် ချစားမှု တိုက်ဖျက်ရေးတို့မှာ ပိုမိုပူးပေါင်း လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

"ASEM အဖွဲ့၏ သက်တမ်းမှာဆယ်စုနှစ်သုံးခုအတွင်း ဝင်ရောက်လာပြီဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ချိတ်ဆက်မှု၊ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂ဝ၃ဝ ပြည့်နှစ် လုပ်ငန်းစဉ်၊ အစဉ်အလာ မဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်မှောင်ခိုတိုက်ဖျက်ရေး၊ အကျင့်ပျက် ချစားမှု တိုက်ဖျက်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု အပါအဝင် ဘုံအကျိုးစီးပွားနယ်ပယ်များအပေါ် အလေးထားမှုကိုတိုးချဲ့လုပ်ဆောင်သင့်ပါကြောင်း။"

ဦးထင်ကျော်ဟာ နိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူပြီး သုံးလတာကာလအတွင်း အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်နေတာ ဖြစ်ပါတယ်။

၁၉၉၆ခုနှစ်က ဖွဲ့ခဲ့တဲ့ ASEM အဖွဲ့ နှစ်၂၀ မြောက်နှစ်ပတ်လည်မှာ အာရှ-ဥရောပ ထိပ်သီးစည်းဝေး ကျင်းပနေတာဖြစ်ပြီး လက်ရှိမှာ အဖွဲ့ဝင်နိုင်ငံ ၅၃ နိုင်ငံ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013