DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးခန့် မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
July 16, 2016
ဗန်းမောက်မြို့နယ်တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးခန့် မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် စီကတောင်အုပ်စု ပါသက်ကျေးရွာ တံတားအနီးမှာ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁ နာရီ ၁၅ မိနစ်အချိန်က သိန်း ၁ ထောင်ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ် လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနေထွန်း ဦးစီးပြီး မံစီကြီး နယ်မြေ ရဲစခန်း ခေတ္တ စခန်းမှူး ရဲအုပ် မောင်ဇော်၊ လိပ်စောရဲကင်းမှူး ရဲအုပ် အာကာမင်းမင်း တို့နှင့်အတူ ဗန်းမောက်မြို့မ ရဲစခန်းမှ ပူးပေါင်းပါဝင်သော တပ်ဖွဲ့ဝင်တွေဟာ စီကတောင်အုပ်စု ပါသက်ကျေးရွာတံတားအနီး ရပ်ထားတဲ့ မသင်္ကာဖွယ် PAJERO ကားနှစ်စီးအား ရပ်မိရပ်ဖ သက်သေများနဲ့အတူ သွားရောက်ရှာဖွေရာ သားရေလည်သာ ခါးပတ်အိတ်အတွင်း ထည့်ထားတဲ့ ငွေစက္ကူ ရောရာ ၁၀.၄၀၀၀၀ ကျပ်နဲ့ကားအနောက်ခြမ်း အံဝှက်အတွင်းမှ loveis flower စာတန်းပါ ရောင်စုံ ဆပ်ပြာခွက် ၅၅ ခွက် ဘိန်းဖြူ  ၅၅၀ ဂရမ် ဖမ်းဆီး ရမိခဲ့တာပါ။

ဒါ့အပြင် ဘိန်းဖြူ သယ်ဆောင်ရာမှာ အသုံးပြုတဲ့ YGN 5H-2845 နံပါတ်ပါ PAJERO ကားမောင်း နှင်လာသူ သန်းလွင်(ခ) မိုးလွင် အသက် ၄၃ နှစ်၊ ကျွန်း လက်ပံတန်းကျေးရွာ ကချင်ပြည်နယ် ဗန်းမော်မြို့ နေသူနဲ့အတူလိုက်ပါလာတဲ့ မောင်နီလာခိုင် အသက် ၃၁ နှစ် ကျွန်းလက်ပံတန်းကျေးရွာ ဗန်မော်မြို့၊ ဝေလင်း(ခ) ဝေယံ အသက် ၂၄ နှစ် ကျောက်မှော်ကျေးရွာ ထီးချိုင့်မြို့ နေသူတို့နဲ့ အတူ ယာဉ်အမှတ် YGN 9F4825 PAJERO ကားမောင်းနှင်လာသူ သန်းကျော် အသက် ၃၆ နှစ် အရှေ့သာစည် အောင်လံကုန်းရပ် ကချင်ပြည်နယ် ဗန်းမော်နဲ့ အတူ လိုက်ပါလာသူ မထုလွမ် အသက် ၃၈ နှစ် အောင်လံကုန်း ရပ် နေသူတို့ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

၎င်းတို့ကို ပင်ပုံရဲကင်းစခန်းကို ဖမ်းဆီး ခေါ်ဆောင်လာပြီး မေးမြန်းစီစစ်ရာ သန်းလွင်(ခ) မိုးလွင်ရဲ့ ထွက်ဆိုချက်အရ PAJERO ကားနှစ်စီး ဖမ်းမိခဲ့တဲ့ ပါသက်ကျေးရွာ တံတားအနီး ကားလမ်းဘေး မြောင်းခြုံစပ်အတွင်းမှာ ရပ်မိရပ်ဖသက်သေများနဲ့အတူ သွားရောက်ရှာဖွေရာ စက္ကူ လက်ဆွဲအိတ် အတွင်း ထည့်ထားတဲ့ ရောင်စုံ ဆပ်ပြာခွက် (၁၁) ခွက် ၁၁၀ ဂရမ် ထပ်မံ သိမ်းဆည်း ရမိခဲ့တာပါ။

ဒါအပြင် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်း အချိန်က ၄င်းတို့ အနေနဲ့ ဗန်းမောက်မြို့နယ် နန်းတပ်အုပ်စု ပါအော့ကျေးရွာနေ ဝင်းဦးထံမှာ ဘိန်းဖြူ ဆပ်ပြာခွက်များ သွားရောက် ရောင်းချခဲ့ကြောင်း ထွက်ဆိုချက်အရ သွားရောက်ရှာဖွေရာ ဝင်းဦးရဲ့ နေအိမ် နောက်ဖေးရှိ သော့ခတ်ထားတဲ့ စပါးကျီ အတွင်းမှ love is flower စာတန်းပါ ရောင်စုံ ဆပ်ပြာခွက် ၃၃ ခွက် ၃၃၀ ဂရမ် အား ကွင်းဆက်တရားခံ ဝင်းဦးနဲ့ အတူ ဖမ်းမိခဲ့တာလဲ ဖြစ်ပါတယ်။

ဖမ်းဆီး ရမိခဲ့တဲ့ ဘိန်းဖြူ ဆပ်ပြာခွက် ၉၉ ခွက် ၉၉၀ ဂရမ်နဲ့ ငွေစက္ကူ ရောရာ ၁၀.၄၀၀၀၀ ကျပ် စုစုပေါင်း ကာလတန်ဘိုး ငွေကျပ်သိန်း ၁ ထောင် ၄ သောင်းကျပ်ခန့် ဖမ်းဆီး ရမိ ခဲ့တာပါ။

ဗန်းမောက်မြို့ နယ်ရဲစခန်းရဲ့ သမိုင်းကြောင်းအနေနဲ့ မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့ရာ မှာ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါး တွေဟာ အများဆုံး စံချိန်တင် ဖမ်းမိတာလို့ ရဲမှူး နေထွန်း က ပြောပါတယ်။

မူးယစ်ဆေးဝါးတွေကို လက်ဝယ်ကိုင်ဆောင် ရောင်းချသူ သန်းလွင်(ခ)မိုးလွင်၊ မောင်နီလာခိုင်၊ ဝေလင်း(ခ) ဝေယံ၊ သန်းကျော်၊ မထုလွင်နဲ့ ကွင်းဆက် တရားခံဝင်းဦးတို့ ၆ ဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ တတ်သော ဥပဒေ ပုဒ်မ ၁၅/၁၉ (က)၂၀/(က)/ ၂၁ ဥပဒေ ပုဒ်မများနဲ့ အရေးယူ ဆောင်ရွက်ထားရှိကြောင်း ဗန်းမောက်မြို့မ ရဲစခန်း မှ သိရှိရပါတယ်။

သတင်း - သီဟဆွေ (ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013