DVB Logo
Home
မြန်မာသတင်း
င၀န်မြစ်ရေကြီး မြစ်ကမ်းအနီး မြေနိမ့်ပိုင်းနေသူများအထူးသတိပြုနေထိုင်ရန်မိုးဇလတိုက်တွန်း
DVB
·
July 14, 2016
င၀န်မြစ်ရေကြီး မြစ်ကမ်းအနီး မြေနိမ့်ပိုင်းနေသူများအထူးသတိပြုနေထိုင်ရန်မိုးဇလတိုက်တွန်း
1 / 2
Donate to DVB

ဧရာဝတီတိုင်း ငါးသိုင်းချောင်းနဲ့ သာပေါင်းမြို့နယ်တွေမှာ င၀န်မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်နေလို့ မြစ်ကမ်းတလျှောက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလဌာနက အကြံပြုတိုက်တွန်းထားပါတယ်။

ဇူလိုင် ၁၄ ရက် မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ပေ၀က်လောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မြစ်ရေ စိုးရိမ်ရေမှတ် ရောက်နေပေမယ့် မြို့တွင်းကို ရေ၀င်လာနိုင်မယ့် အခြေအနေမရှိသေး ပေမယ့် ကြိုတင်ပြင်ဆင်မှုတွေ ပုံမှန်အတိုင်း ဆောင်ရွက်နေတယ်လို့ ငသိုင်းချောင်း ကြက်ခြေနီ အဖွဲ့ ဒုတပ်ခွဲမှူး ဦးခင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။

“မြို့ထဲရေ၀င်ဖို့ အခြေအနေတော့ မရှိသေးပါဘူး၊ ကျနော်တို့မြို့ရဲ့ ထုံးစံအတိုင်းဆိုရင် မြစ်ရေဟာ တာခြေရောက်ရုံသာသာပဲရှိသေးတဲ့အတွက်လေ၊ ကျနော်တို့ နှစ်စဉ်နှစ်တိုင်း ကြိုတင်ကာကွယ်ရေး ပုံစံအနေနဲ့ ရပ်ကွက်လိုက်ရပ်ကွက်လိုက် တာဝန်ယူပြီးတော့ ရေကင်းတဲတွေကြိုပြီးတော့ ဆောက်ထားတာတို့ ဘာတို့ ကြိုတင်ပြင်ဆင်မှုတော့ လုပ်ထားပါတယ်၊ လောလောဆယ်မှာ ရေကင်းစောင့်ရတဲ့ အနေအထားတော့ မရှိသေးပါဘူး၊ တာခြေကို ရေတိုက်သာသာပဲ အမှတ်ကရှိသေးတဲ့အတွက် အရေးကြီးတဲ့ အခြေအနေတော့ မရှိသေးပါဘူး။”

အလားတူ သာပေါင်းမြို့နယ်မှာလည်း ဇူလိုင်လအတွင်း မိုးရွာသွန်းပြီး မြစ်ရေတက်လာတာကြောင့် စိုးရိမ်ရေအမှတ် ၁၇ ပေသို့ ရောက်ရှိနေပြီဖြစ်တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ငဝန်မြစ် တာအတွင်းရှိ ကျေးရွာအုပ်စုတွေ ရေဘေးအန္တရာယ်ကင်းရှင်းလုံခြုံစေရေးနဲ့ တာတွေ တောင့် တင်းကြံ့ခိုင်မှုရှိရေး အတွက် အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ သဲ၊ ကျောက်၊ သစ်၊ ၀ါး၊ မျောတိုင်၊ ပီနံအိတ် စတာတွေ အဆင်သင့်ထားရှိ ဆောင်ရွက်ထားတယ်လို့လည်း အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013