DVB Logo
Home
မြန်မာသတင်း
အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအကောင်အထည်ဖော်
DVB
·
July 14, 2016
အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအကောင်အထည်ဖော်
Donate to DVB

လစဉ်ဝင်ငွေရရှိမှုနည်းတဲ့ အခြေခံလူတန်းစားတွေကို ဦးစားပေးရောင်းချမယ့် ကျပ်သိန်း ၅၀ အောက် တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း သုံးသိန်းကို တော်ဝင်ဆောက်လုပ်ရေးက လက်ရှိအစိုးရ လက်ထက်မှာ အကောင်အထည်ဖော်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၀င်ငွေနည်း အခြေခံလူတန်းစားတွေကို လက်လှမ်းမမီတဲ့ အိမ်ရာဈေးနှုန်းတွေနဲ့ အိမ်ရာမရှိလို့ ကျူးကျော်နေတဲ့ လူတန်းစားတွေက များစွာရှိနေတာပါ။ ဒီအတွက်အခြေခံလူတန်းစားတွေကို အရစ်ကျစနစ်နဲ့ ကျပ် သိန်း ၅၀ အောက် တန်ဖိုးနည်းအခန်း ပေါင်း သုံးသိန်းကို လက်ရှိအစိုးရလက်ထက်မှာ အကောင်အထည်ဖော်မယ်လို့ တော်ဝင်မိသားစုဝင် ဥက္ကဋ္ဌက ပြောဆိုလိုက်တာပါ။ ဒါပေမယ့် မြေနေရာအတွက်တော့ အစိုးရရဲ့ အကူအညီလိုအပ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က လူတဦး၊ မိသားစုတစုကို တခန်းနှုန်းနဲ့သာရောင်းရင် သူတို့အများကြီးဝယ်လို့မရ တော့ဘူး။ အဲဒါဆိုရင် သူတို့လက်ထဲရောက်သွားမယ်။ ဒါလည်း လျှောက်လွှာတင်စရာမလိုဘူး အခု ၀ယ်အခုရမယ်။ ဒါပေမယ့် အခုဝယ်အခုရမယ် သူတို့ကို ကျနော်တို့က ဘဏ်ချေးငွေကို နိုင်ငံတော်က စီစဉ်ပေးရမှာ။ ကျနော်တို့ ပုဂ္ဂလိကဘဏ်တွေကလည်း ချေးပြီးတော့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ ကို ၁၃ ကျပ်နှုန်းနဲ့ တွက်ရင် ၇ နှစ်လောက်ဆိုရင် ၄၅ သိန်းက သိန်း ၁၅၀ လောက်ဖြစ်သွားမယ်။ သိန်း ၉၀ ဖြစ်သွားမယ်ပေါ့နော်။ အဲလိုဆိုတော့ အဆင်မပြေဘူး။” လို့ တော်ဝင်မိသားစု ကုမ္ပဏီလိမိတက်မှ ဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောပါတယ်။

လက်ရှိမှာဆိုရင် ရန်ကုန်အိမ်ခြံမြေဈေးကွက်က လပေါင်းများစွာ အေးစက်ထိုင်းမှိုင်းခဲ့လို့ ဈေး နှုန်းတွေက ၃၀ ရာခိုင်နှုန်းနီးပါး ကျဆင်းမှုရှိနေတာပါ။ ဒါကြောင့် အခြေခံလူတန်းစားတွေအတွက် ဖော်ဆောင်မယ့် အိမ်ရာစီမံကိန်းကြောင့် အခြားဘက်မှာရှိနေတဲ့ ရန်ကုန်အိမ်ခြံမြေဈေးကွက် အပေါ်သက်ရောက်မှုက လတ်တလောမှာတော့ မရှိနိုင်သေးဘူးလို့ ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌကပြောပါတယ်။

“ကျနော်တို့ဘက်မှာတော့ ဆရာဦးကိုကိုထွေးလုပ်မယ့်ဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘက်ကို အိမ်ခြံမြေဈေးကွက်ကို ရိုက်ခတ်ဖို့တော့ မမြင်ဘူးပေါ့လေ။ တန်ဖိုးနည်းဖြစ်တဲ့အတွက် ကြောင့်မို့ အခြေခံလူတန်းစားကို ဦးတည်တဲ့အတွက်ကြောင့်မို့ တအိမ် ငါးဆယ်အောက်က အခုကျနော်တို့ လည်ပတ်နေတဲ့အထဲမှာလည်း မရှိပါဘူး တိုက်ခန်းက။ ကျနော်တို့ အိမ်ခြံမြေရဲ့ ဈေး ကွက်ကို ရိုက်ခတ်ဖို့ ဘယ်လိုမှမရှိဘူး။ ဖြည့်ပြီးပြောချင်တာတော့ ဖြစ်လာရင်တော့ အင်မတန်ဝမ်း မြောက်ဂုဏ်ယူစရာပေါ့နော်။ ကျနော်တို့ရဲ့ လူမျိုးတွေ၊ အခြေခံလူတန်းစားတွေအတွက် ဦးတည်ပြီး လုပ်တဲ့အတွက်ကြောင့်မို့ ကြိုဆိုပါတယ်။” ဟု ဦးစိုင်းခွန်နောင်က ပြောပါတယ်။

တော်ဝင်ဆောက်လုပ်ရေးက အကောင်အထည်ဖော်မယ့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းက ပြီးခဲ့ တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စတင်ဖို့စီစဉ်ခဲ့ပေမယ့် အစိုးရရဲ့ ပါဝင်ပံ့ပိုးမှုမရှိခဲ့လို့ စီမံ ကိန်းက ပျက်သွားခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013