DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းပေါ်က ကောလာဟလများ စီးပွားရေးလုပ်ငန်းကြီးများအထိ ရိုက်ခတ်လာ
DVB
·
July 14, 2016
အွန်လိုင်းပေါ်က ကောလာဟလများ စီးပွားရေးလုပ်ငန်းကြီးများအထိ ရိုက်ခတ်လာ
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဖေ့စ်ဘုတ်ပေါ်က သတင်းပေ့ဂ်ျအတု နှစ်ခုကနေ ယူနိုက်တက် အမရဘဏ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ဖြန့်ချိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

“ကျနော်တို့ တိုင်းပြည် ရေရှည်အတွက် နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ ဘာသာရေးပဲ ဖြစ်ဖြစ်၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို လက်ခံလို့ မရဘူး။ ဒါကြောင့် တရားရုံးအထိ အမှုစွဲတင်ဖို့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ မနေ့ကလည်း ဒီလို အမှုဖွင့်ပြီးကြောင်း၊ ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားဆိုတာလည်း သတင်းထုတ်ပြန်လိုက်တယ်”လို့ ယူနိုက်တက် အမရာ ဘဏ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးသိန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူများလာတာနဲ့အတူ အင်တာနက်ပေါ်ကနေ ကောလာဟလ ဖြန့်ချိတာကလည်း ပိုများလာခဲ့ပါတယ်။

လူပုဂ္ဂိုလ်၊ နိုင်ငံရေး၊ ဘာသာရေးစတာတွေကနေ စီးပွားရေးအဖွဲ့အစည်းကြီးတွေအထိ ရိုက်ခတ် လာခဲ့တာပါ။

ဘဏ်နဲ့ပတ်သက်တဲ့ ကောလာဟလကတော့ နိုင်ငံအတွက်ပါ ထိခိုက်လာနိုင်တာပါ။

ယူနိုက်အမရဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ဝင်ဦးသန်းဝင်းဆွေက“ဘဏ်နဲ့ပတ်သက်ပြီးကောလာဟလ လွှင့်တာဟာ အင်မတန်မှ အန္တရာယ်ကြီးပါတယ်။ အားလုံးလည်း သိပြီးဖြစ်တဲ့အတိုင်း ဘဏ်တစ်ခုကို ကောလာဟလ လွှင့်လိုက်တာသည် ဒီဘဏ် တခုတည်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်တာတင် မဟုတ်ပါဘူး။ ဒီဘဏ်နဲ့ ဆက်နွယ်ပြီးတော့ တခြား ဘဏ်တွေရဲ့ လုပ်ငန်း အားလုံးမှာလည်း ထိခိုက်သွားနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဘဏ်ဟာ ငွေရေးကြေးရေး အဖွဲ့အစည်းဖြစ်ပြီး စီးပွားရေးနဲ့လည်း ဆက်နွယ်နေသလို ကျန်တဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းအားလုံးနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

အွန်လိုင်းပေါ်က ကိစ္စတွေကိုတော့ ဆက်သွယ်ရေးဥပဒေနဲ့ပဲ အရေးယူနိုင်ပြီး ဒါကလည်း ထိထိရောက်ရောက် မသုံးစွဲသေးဘူးလို့ ဥပဒေပညာရှင်တချို့က ဝေဖန်တာတွေလည်း ရှိပါတယ်။

တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်က “ ပုဒ်မ ၆၆ (ဃ) ကိုပဲ တွင်တွင် သုံးနေတယ်။ အဲဒါကလည်း Hate Speech (အမုန်းစကား) တွေပြောတာတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ ကောလာဟလတွေ ရိုက်သွင်းနေတာတွေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ ပတ်သက်ပြီးတော့ မဟုတ်မမှန် ဖြန့်ချိတာတွေ၊ ညစ်ညမ်းတဲ့ ဗွီဒီယိုတွေ တင်တာတွေ၊ အဲဒါတွေနဲ့ပတ်သက်ရင်တော့ လက်တွေ့ အားဖြင့် အရေးယူ ဆောင်ရွက်မှု မရှိဘူး” လို့ ပြောပါတယ်။

ဒါကြောင့် ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ သူကဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း ကိုယ်သိလာတဲ့ အင်တာနက်ပေါ်က မဟုတ်မမှန်တာတွေကို သက်ဆိုင်ရာ ရဲစခန်းတွေကို တိုင်ကြားကြဖို့လည်း သူက တိုက်တွန်း ပြောဆိုသွားပါတယ်။ လက်ရှိမှာတော့ အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူထားသူ တချို့တော့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013