DVB Logo
Home
မြန်မာသတင်း
ရှမ်းအမျိုးသားရေး တက်ကြွစွာလှုပ်ရှားသူတဦး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
July 14, 2016
ရှမ်းအမျိုးသားရေး တက်ကြွစွာလှုပ်ရှားသူတဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ပေါ်မှာ ဇူလိုင်လ ၁၃ ရက် ညနေပိုင်းက လူတဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။

သေဆုံးသူမှာ အသက် ၅၀ ခန့်ရှိ  စိုင်းဆန်ခေး ခေါ် စိုင်းမောင်လှိုင် ဆိုသူဖြစ်ပြီး မနေ့ညနေ ၃ နာရီကျော်က ကောင်းနောင်မိုရပ်ကွက် မင်းလမ်းမကြီးပေါ်ရှိ ဖားကန့်စတိုးဆိုင်အနီးမှာ အပစ်ခံရ တာလို့ နမ့်ခမ်းဒေသခံ ရပ်မိရပ်ဖတဦးဖြစ်သူ စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့တုန်းက  ကျားဖြူပါတီကနေပြီး ဆယ်တန်းအောင်တဲ့ကလေးတွေကို ဂုဏ်ပြုတဲ့အခမ်း အနားကျင်းပတယ်။ သူ့သမီးလည်း ဂုဏ်ပြုခံရတဲ့ထဲပါတော့ သူလည်းအခမ်းအနား လာတက် တယ်။ အခမ်းအနားပြီးတော့ ကျနော်တို့  ကားပါကင်နားရောက်တဲ့ခါ သေနတ်သံတွေကြားရ တယ်။ လူငယ်တွေရောက်လာပြီး ကျနော်တို့ကို အန္တရာယ်ရှိတယ်လို့ေ့ပြာပြီး အဲဒီနားက အိမ်တစ် အိမ်ထဲဝင်ခိုင်းပါတယ်။  ပြီးတော့ စိုင်းဆန်ခေး အပစ်ခံရတယ်လို့ပြောတယ်။ သူက ပြန်မလို့ ကားပေါ်တက်နေတုန်း လူ ၂ ယောက် ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်တယ်တဲ့၊ ပထမတချက် အပစ်ခံရတော့ သူက အဲဒီနားက ဖားကန့်စတိုးဆိုင်ထဲဝင်သွားတယ်၊ သေနတ် သမားက အဲဒီထိလိုက်ပစ်ပြီး သူလဲကျသွားတော့ ဆိုင်ကယ်မောင်းပြီးပြန်ပြေး ထွက်သွားတယ်။  ၆ ချက် အပစ်ခံရတယ်လို့ ပြောတယ်။ ပြီးတော့ ရဲတွေရောက်လာပြီး သူ့ကိုဆေးရုံ ခေါ်သွား တယ်။”

သူဘယ်မှာဆုံးသွားတယ်ဆိုတာ မသိရပေမယ့်  ဒီနေ့ညနေမှာဘဲ မိသားစုဝင်တွေက သူ့အေ လာင်းကို  သဂြိုဟ်မယ်လို့ သူကဆက်ပြောပါတယ်။

စိုင်းဆန်ခေးဟာ နိုင်ငံရေးပါတီဝင် ဟုတ်မဟုတ်  သေချာမသိရပေမယ့်  ရှမ်းပါတီလှုပ်ရှားမှုတွေ မှာရော၊ လူမှုရေးလုပ်ငန်း၊ ရှမ်းအမျိုးသားရေးလုပ်ငန်းတွေမှာပါ အဖွဲ့စုံတက်ကြွစွာ ပါဝင်ကူညီသူ တဦးဖြစ်သလို ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့ကိုလည်း ထောက်ပံ့ကူညီသေးတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့မရဲစခန်းကို ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းရာမှာ ပစ်ခတ်မှု ဖြစ်ပွားကြောင်းအတည်ပြုပြောဆိုပြီး အသေးစိပ်အချက်အလက်တွေကိုတော့ စခန်းမှူး ကိုယ်တိုင်မှ ပြောခွင့်ရှိတယ်လို့ တာဝန်ကျရဲဝန်ထမ်းတဦးက ဖြေကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013