DVB Logo
Home
မြန်မာသတင်း
ချင်းတောင်ပိုင်းညီလာခံကျင်းပခွင့်မရသည့်ကိစ္စ ဖြေရှင်းပေးရန် ချင်းလူငယ်များတောင်းဆို
DVB
·
July 13, 2016
ချင်းတောင်ပိုင်းညီလာခံကျင်းပခွင့်မရသည့်ကိစ္စ ဖြေရှင်းပေးရန် ချင်းလူငယ်များတောင်းဆို
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ကျင်းပဖို့ပြင်ဆင်ထားတဲ့ ချင်းတောင်ပိုင်းညီလာခံ ကျင်းပ ခွင့် မရဘဲ ဆိုင်းငံ့ခံထားရတာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုသမ္မတရုံး တို့အနေနဲ့ ပွင့်လင်းမြင်သာစွာ တာဝန်ယူဖြေရှင်းပေးဖို့ ချင်းလူငယ်များကွန်ရက်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ချင်းလူမျိုးတွေကြားထဲမှာစိတ်ဝမ်းကွဲနိုင်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ညီလာခံကို ဆိုင်းငံ့ထား ဖို့ သမ္မတရုံးက ညွှန်ကြားလိုက်တာဟာ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်တဲ့အတွက် တောင်းဆိုတာလို့ ချင်းလူငယ်ကွန်ရက်အဖွဲ့ပြောခွင့်ရ ဆလိုင်းဖီလီမွန်ဘွေးက ဒီဗွီဘီကို ပြောပါ တယ်။

“သူတို့ပြောတာကျတော့ အဓိကအကြောင်းရင်းက စိတ်ဝမ်းကွဲနိုင်တယ်ပေါ့နော်၊ ဒါပေမယ့် အစိုးရက ပွင့်လင်းမြင်သာတဲ့ ဖြေရှင်းချက်မပေးဘူး။ ကျနော်တို့ကြားထဲမှာလည်း ၀ိဝါဒကွဲမှုတွေ ရှိနေတယ်၊  အဲဒါကြောင့် သူတို့ကနေပြီးတော့မှ သတင်းစာရှင်းပွဲဖြစ်ဖြစ်၊ ထုတ်ပြန်ကြေညာချက် တစောင်စောင်ပေါ့ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ကန့်ကွက်ရတဲ့ ရည်ရွယ်ချက်ကို  ပြည်နယ် အစိုးရရုံးဖြစ်ဖြစ် သမ္မတရုံးဖြစ်ဖြစ် ရှင်းရှင်းလင်းလင်း ပြည်သူကို ချပြစေချင်တယ်။”

ညီလာခံကျင်းပခွင့်မရခြင်းအားဖြင့် တောင်ပိုင်းဒေသဖြစ်တဲ့  မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ပလက်ဝမှ ချင်းလူမျိုးများရဲ့ ခံစားချက်တွေ ထုတ်ဖော်ပြောဆိုခွင့်မရလို့ စည်းလုံးညီညွတ်မှု ပြိုကွဲစေနိုင်တယ်လို့လည်း ဆက်ပြောပါတယ်။

ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ လွတ်လပ်စွာ သဘောထားထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာစုရုံးလှုံ့ဆော်ခွင့် ပိတ်ပင်နေတာဟာ ဒီမိုကရေစီ ရဲ့ အနုတ်သဘောကို ဖော်ဆောင်နေတယ်လို့လည်း ချင်းလူငယ်အဖွဲ့က ပြောပါတယ်။

ချင်းလူငယ်များကွန်ရက်အဖွဲ့ဟာ သူတို့သဘောထားအမြင်ပါ ကြေညာချက်တစ်စောင်ကို ဇူလိုင် ၁၂ ရက်နေ့ ကထုတ်ပြန်ခဲ့ပြီး သမ္မတရုံး၊ ပြည်နယ်အစိုးရရုံး၊ မြို့နယ်ရုံးနဲ့ ချင်းအသိုင်းအ၀ိုင်း တွေကြား ပေးပို့ခဲ့ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းညီလာခံကို မင်းတပ်မြို့မှာ ဇူလိုင်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေအတွင်း ကျင်းပဖို့ ပြင်ဆင်ထားပြီး တစ်ရက်အလိုမှာ ဆိုင်းငံ့ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013