DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်၏ ပူးပေါင်းကူညီမှုဖြင့် တနိုင်ငံလုံးရှိ ကျောင်းများကို ထောက်ပံ့ကြေးပေး
DVB
·
July 13, 2016
ကမ္ဘာ့ဘဏ်၏ ပူးပေါင်းကူညီမှုဖြင့် တနိုင်ငံလုံးရှိ ကျောင်းများကို ထောက်ပံ့ကြေးပေး
Donate to DVB

ပညာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်နဲ့ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျော့ချရန် ကျောင်းများသို့ ထောက်ပံ့ကြေးပေးအစီအစဉ်အရ ၂၀၁၄-၁၅ ပညာသင်နှစ်ကနေ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ထိ ၄ နှစ်စီမံကိန်းနဲ့ အခုလို ထောက်ပံ့ကြေး ပေးနေတာဖြစ်ပါတယ်။

ဒီထောက်ပံ့ကြေးပေးတဲ့အစီအစဉ်အရ တနိုင်ငံလုံးရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွေအပြင် ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးကျောင်းများ၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းများ၊ စစ်ကိုင်းဖွံ့ဖြိုးရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း အားလုံးနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကိုပါ ပေးတာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူး ဦးတိုးဝင်းက ပြောပါတယ်။

ထောက်ပံ့ကြေးပေးတဲ့အစီအစဉ်ရဲ့ သတ်မှတ်ချက်အရ မူလတန်း၊ မူလတန်းကျောင်းခွဲ၊ မူလတန်းကျောင်းတွဲ၊ အလယ်တန်း၊ အလယ်တန်းကျောင်းတွဲ၊ အလယ်တန်းကျောင်းခွဲတွေ အလိုက် ကျောင်းသားဦးရေ ၁ ဦးကနေ ၅၀ ဦးအထိကို ပညာသင်နှစ် ၁ နှစ်မှာ တစ်ကြိမ် နှစ်သိန်းနှုန်းနဲ့ နှစ်ကြိမ် ပေးမှာဖြစ်ပြီး စုစုပေါင်း ၄ သိန်း ရ မှာဖြစ်ပါတယ်။

ကျောင်းသား ၅၁ ဦးကနေ ၁၀၀ ဦးထိ တနှစ်ကို စုစုပေါင်း ၈ သိန်း၊ ၁၀၁ ဦးကနေ ၂၀၀ ဦးထိ ၁၀ သိန်း၊ ၂၀၁ ဦးကနေ ၃၀၀ ဦးထိ ၁၂ သိန်း၊ ၃၀၁ ဦးကနေ ၄၀၀ ဦးထိ ၁၄ သိန်း၊ ၄၀၁ ဦးကနေ ၅၀၀ ဦးထိ ၁၆ သိန်း၊ ၅၀၁ ဦးကနေ ၇၀၀ ဦးထိ ၁၈ သိန်း၊ ၇၀၁ ဦးကနေ ၉၀၀ ဦးထိ ၁၁ သိန်း၊ ၉၀၁ ဦးကနေ ၁၁၀၀ ဦးထိ ၂၆ သိန်း၊ ၁၁၀၁ ဦးကနေ ၁၅၀၀ ဦးထိ သိန်း ၃၀၊ ၁၅၀၁ ဦးကနေ၂၀၀၀ ဦးထိ ၃၄ သိန်း၊ ၂၀၀၁ ဦးကနေ ၂၅၀၀ ဦးထိ ၃၈ သိန်း၊ ၂၅၀၁ ဦးကနေ အထက်ကို ၄၂ သိန်းထိ ကျောင်းရှိ ကျောင်းသားဦးရေအပေါ်မူတည်ပြီး ထောက်ပံ့ကြေးပေးသွား မှာ ဖြစ်ပါတယ်။

အထက်တန်းကျောင်းတွေအတွက် ပုံသေ  ၅ သိန်းအပြင် ကျောင်းရှိ ကျောင်းသားတဦးကို ၅၀၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ကြေးပေးမှာပါ။

ဒါအပြင် ပညာသင်ထောက်ပံ့ကြေး(Stipend)ပေးဖို့အတွက်ကိုလည်း စတုတ္ထန်း ကျောင်းသား၊ ကျောင်းသူ တဦးကို တလ ၅၀၀၀ ကျပ်နှုန်း၊ ပဉ္စမတန်းမှ အဌမတန်းထိ တဦး ၈၀၀၀ ကျပ်နှုန်း၊ န၀မတန်းမှ ဒသမတန်းထိ တဦး ၁၀၀၀၀ ကျပ်နှုန်းနဲ့ စမ်းသပ်အစီအစဉ်အနေနဲ့ မြို့နယ် ၅၅ မြို့နယ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013