
တရုတ်နိုင်ငံမှာ အခုနှစ် ပထမ ၃ လပတ်အတွင်း မြို့ပြအလုပ်အကိုင်အသစ် ၂ ဒသမ ၉၉ သန်း ဖန်တီးပေးခဲ့ပြီး တည်ငြိမ်တဲ့ အလုပ်အကိုင်အခြေအနေကို ပြသနေတယ်လို့ တရုတ်နိုင်ငံ လူ့စွမ်းအားအရင်းအမြစ်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီကာလအတွင်း စစ်တမ်းကောက်ယူထားချက်အရ မြို့ပြအလုပ်လက်မဲ့နှုန်းက ပျမ်းမျှ ၅ ဒသမ ၃ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ဇန်နဝါရီလကနေ မတ်လအထိ တရုတ်နိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အလုပ်လက်မဲ့ အာမခံပရီမီယံ ပြန်အမ်းငွေအဖြစ် ယွမ် ၃ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၅၂ သန်းခန့်)၊ တကြိမ်တည်း အလုပ်အကိုင်တိုးချဲ့မှု ထောက်ပံ့ကြေးအဖြစ် ယွမ် သန်း ၅၀၀ နဲ့ ကျွမ်းကျင်မှု မြှင့်တင်ရေး ထောက်ပံ့ကြေးအဖြစ် ယွမ်သန်း ၈၀၀ ထုတ်ပေးခဲ့ပါတယ်။
မတ်လကုန်အထိ တရုတ်နိုင်ငံရဲ့ အခြေခံသက်ကြီးပင်စင်ရသူ အရေအတွက်က ၁ ဒသမ ၀၇၃ ဘီလီယံ၊ အလုပ်လက်မဲ့အာမခံမှာ ပါဝင်သူ ၂၄၇ သန်းနဲ့ (အလုပ်ခွင်ထိခိုက်မှု အာမခံ အပါအဝင်) လုပ်ငန်းခွင်နဲ့ ဆက်စပ်ပြီး ထိခိုက်ဒဏ်ရာရမှုအာမခံမှာ ပါဝင်သူအရေအတွက်ဟာ ၃၁၉ သန်းအထိ အသီးသီးရောက်ရှိခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဒါဟာ မနှစ်ကထက် သက်ကြီးပင်စင်ရသူ ၁ ဒသမ ၈၇ သန်း၊ အလုပ်လက်မဲ့ အာမခံရသူ ၂ ဒသမ ၈ သန်းနဲ့ လုပ်ငန်းခွင်ထိခိုက်မှု အာမခံရသူ ၂၁ ဒသမ ၅၂ သန်း တိုးလာတာလို့လည်း ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
Source: Reuters










