DVB Logo
Home
မြန်မာသတင်း
အမျိုးသားဘာသာစကားလုပ်ငန်းစဉ်နှင့် မူဝါဒ ဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ
DVB
·
July 12, 2016
အမျိုးသားဘာသာစကားလုပ်ငန်းစဉ်နှင့် မူဝါဒ ဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ
Donate to DVB

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးမြှင့်တင်ခြင်းဆိုင်ရာ အမျိုးသားဘာသာစကားလုပ်ငန်းစဉ်နှင့် မူဝါဒ ဆွေးနွေးပွဲကို နေပြည်တော် Park Royal ဟိုတယ်မှာ ဇူလိုင်လ ၁၂ ရက်နေ့ ကျင်းပပြုလုပ်ခဲ့ပါ တယ်။

ဆွေးနွေးပွဲကို မွန်၊ ကချင်၊ ကရင်ပြည်နယ်တွေက ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တွေ၊ ပြည်နယ်ပညာရေး ဘာသာစကားနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ရေးရာဝန်ကြီးတွေ၊ တိုင်းရင်းသားတွေ၊ ပညာရှင်တွေ၊ ပညာရေးဝန်ဆောင်မှု ကျွမ်းကျင်သူတွေ နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

"မိခင်ဘာသာစကားကိုအခြေပြုပြီးတော့ သင်ကြားနိုင်ရင်တော့ အရည်အသွေးပြည့်ဝတဲ့ ပညာရေးကို ရရှိမယ်လို့ အဲအပေါ်မှာလည်း ကျနော်တို့ စဉ်းစားပါတယ်။ မိခင်ဘာသာစကားကို သုံးမယ်ဆိုရင်တော့ ကလေးနဲ့ ဆရာနဲ့ အပြန်အလှန်အပြောအဆို ဆက်ဆံလိုရရင် ကျောင်းချိန် အတွင်း ကလေးတွေလည်း ပျော်မယ်လို့ အဲအချက်အပေါ်မှာလည်း ထည့်သွင်း စဉ်းစားတယ်" လို့ မွန်သင်ရိုးညွန်းတမ်းရေးဆွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမင်းနွယ်စိုးက ပြောပါတယ်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ဘာသာစကားမူဝါဒများ၊ အထူးပညာရေး ဘာသာစကားမူဝါဒနှင့် စပ်လျဉ်းတဲ့ တင်ပြမှုတွေနဲ့ အမျိုးသားဘာသာစကားမူဝါဒ နောက်ခံ အခြေအနေတွေကို တင်ပြဆွေးနွေးကြတာ ဖြစ်ပါတယ်။

မွန်တိုင်းရင်းသားစာပေကို မွန်ပြည်နယ်က ကျောင်းပေါင်း ၂၅၈ မှာ ဆရာဆရာမ ၄၈၇ ဦးနဲ့ ကျောင်းသားပေါင်း ၂၁၉၉၉ ဦး၊ ကရင်ပြည်နယ်က ကျောင်းပေါင်း ၉၇ ကျောင်းမှာ ဆရာဆရာမ ၂၀၃ ဦးနဲ့ ကျောင်းသားပေါင်း ၁၇၁၀၄ ဦးနဲ့ တနသာင်္ရီတိုင်းဒေသကြီးက ကျောင်းပေါင်း ၁၆ ကျောင်းမှာ ဆရာဆရာမ ၂၈ ဦးက ကျောင်းသားပေါင်း ၁၂၉၀ ကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အတွင်းမှာကတော့ တိုင်းရင်းသားဘာစကားတွေဖြစ်တဲ့ မွန်၊ စကော့ကရင်၊ အရှေ့ပိုးကရင်၊ ပအို့ဝ် စတဲ့ ဘာသာစကားတွေကို ကျောင်းတွေမှာ သင်ကြားပေးနေတယ်လို့လဲ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လ ၁၉ ရက်ေန့က မော်လမြိုင်မြို့မှာ မွန်ပြည်နယ် ဘာသာစကားမူဝါဒ ဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို ဒေသခံ ရပ်မိရပ်ဖတွေ၊ ဒေသခံ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ် ဘာသာစကားမူဝါဒအတွက် အပြီးသတ်မူကြမ်းရေးဆွဲခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးဟောင်း ဒေါက်တာမင်းနွယ်စိုး ကို တင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013