DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရောက် လူကုန်ကူးခံ မြန်မာ ၁၉ ဦးကို ကယ်တင်
DVB
·
July 12, 2016
ထိုင်းနိုင်ငံရောက် လူကုန်ကူးခံ မြန်မာ ၁၉ ဦးကို ကယ်တင်
Donate to DVB

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို မြန်မာအလုပ်သမားရေးရာ လှုပ်ရှားသူများအဖွဲ့နဲ့ ဒေသတွင်း ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းမှ ပတ်ဌာနီခရိုင် ကမ်းခြေမှာ အင်ဒိုနီးရှားအလံ တပ်ဆင်ထားတဲ့ ငါးဖမ်းလှေတစင်းပေါ်မှာ ဇူလိုင် ၁၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ကြတာပါ။

လှေပေါ်ပါ လူကုန်ကူးခံရသူတချို့ရဲ့ မိသားစုဝင်တွေဟာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (အမ်အေတီ) ကို တိုင်ကြားခဲ့ပြီးနောက် ခုလို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

အမ်အေတီဟာ အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးရေးအတွက် ဖွဲ့စည်းထားတဲ့ ဒေသတွင်း ထောက်ပံ့ရေးအုပ်စုဖြစ်ပြီး ဒီသတင်းကို မြန်မာအစိုးရပိုင်သတင်းစာ Global New Light of Myanmar မှာ မျက်နှာဖုံးသတင်းအနေနဲ့ ဒီကနေ့မှာ ဖော်ပြလိုက်တာပါ။

အဆိုပါအဖွဲ့မှ ဒါရိုက်တာတဦးဖြစ်သူ ဦးကျော်သောင်းက ခုကယ်တင်လိုက်နိုင်တဲ့ လူကုန်ကူးမှုမှာ အငယ်ဆုံးအသက်အနေနဲ့ ၁၃ နှစ်အရွယ်ထိ ပါဝင်ကာ သူတို့ကို ဘန်ကောက်မှာ အလုပ်ရမယ်လို့ ကတိပေး ခေါ်ဆောင်လာပြီး နောက်ဆုံးမှာတော့ ငါးဖမ်းလှေထဲမှာ ပိတ်လှောင်ထားခံခဲ့ရတယ်လို့ အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

“ရဲတပ်ဖွဲ့က အင်ဒိုနီးရှားကိုသွားမယ့် ငါးဖမ်းလှေတစီးကို စီးနင်းရှာဖွေတဲ့အချိန်မှာ မြန်မာအလုပ်သမား ၁၉ ယောက်ကို မိခဲ့တာပါ။ သူတို့ အဲဒီလှေပေါ်ရောက်နေတာ ၁၀ ရက်လောက် ရှိနေခဲ့ပါပြီ။”

အခင်းဖြစ်တဲ့နေရာမှာပဲ မြန်မာပွဲစားတယောက်ကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အေအက်ဖီသတင်းဌာနက မေးမြန်းခဲ့ချိန်မှာ ထိုင်းရဲတွေဘက်က မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆန်ခဲ့ကြပေမယ့် နေပြည်တော်အခြေစိုက် မြန်မာလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲဌာနကတော့ လူကုန်ကူးခံ မြန်မာနိုင်ငံသား ၁၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အတည်ပြု ပြောဆိုခဲ့တာပါ။

ထိုင်းနိုင်ငံဟာ အချိန်ကာလကြာရှည် လူကုန်ကူးမှုဆိုင်ရာ ဗဟိုချက်မတခု ဖြစ်နေခဲ့ပြီး အစိုးရပိုင်း တာဝန်ရှိသူတွေဟာ မသိကျိုးကျွန်ပြုကာ နေခဲ့ကြပေမယ့် ၂၀၁၄ ခုနှစ်မှ စတင်ကာ နိုင်ငံရဲ့ပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်ဖို့ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ အောင်မြင်အောင် လုပ်ဆောင်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းခွင်ဟာလည်း အချိန်ကာလရှည်ကြာ ဒီလို လူကုန်ကူးခံရတဲ့သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တာမို့ ဒါကိုလည်း ပြန်လည် ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013