DVB Logo
Home
မြန်မာသတင်း
ဗုဒ္ဓပုံတော်ကို ခြေထောက်တွင် တက်တူးထိုးသည့် စပိန်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေး
DVB
·
July 12, 2016
ဗုဒ္ဓပုံတော်ကို ခြေထောက်တွင် တက်တူးထိုးသည့် စပိန်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေး
Donate to DVB

ဗုဒ္ဓပုံတော်ကို ခြေထောက်မှာ တက်တူးထိုးထားတဲ့ စပိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား တဦးကို ဇူလိုင် ၁၁ ရက်က မြန်မာနိုင်ငံကနေ  ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။

စပိန်နိုင်ငံသားက ဘောင်းဘီတို ၀တ်ထားတဲ့အတွက် ညာဘက် ခြေသလုံးမှာ ဗုဒ္ဓပုံတော် တက်တူးထိုးထားတာကို ပုဂံက သံဃာတော်တွေက တွေ့ရှိခဲ့ပြီး မသင့်တော်ဘူးလို့ ရဲစခန်းကို အကြောင်းကြားရာက ပုဂံမှာ ခေတ္တထိန်းသိမ်းခဲ့တယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။

ဒီနောက် ဇူလိုင် ၁၁ ရက် ညနေပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့လည်း ရန်ကုန်လေဆိပ်က အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံခြားသားတွေအတွက် သတ်မှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ပြန်ပို့လိုက်တာလို့လည်း သတင်းက ရေးပါတယ်။

ပုဂံမြို့နယ် အုပ်ချုပ်ရေးအရာရှိတဦးကတော့ နိုင်ငံခြားသားဟာ ဆီဆာ ဟာနန်ဒက်ဇ်ဖြစ်ပြီး ဇနီး ဘီလာနိုင်ဂျာနဲ့အတူ ခရီးထွက်လာတာလို့ ဆိုပါတယ်။

တက်တူးထိုးထားတဲ့ပုံကို ဓာတ်ပုံရိုက်ယူကာ ရဲကို တိုင်ကြားခဲ့သလို သူတို့လုံခြုံရေးအတွက် ပုဂံကနေ ထွက်ခွာဖို့ ရဲတွေက အကြံပေးခဲ့တယ်လို့ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးကျော်သူဝင်းကို ကိုးကားပြီး Asian Correspondent က ရေးပါတယ်။

ယဉ်ကျေးမှုနဲ့ သာသာနာရေး ၀န်ကြီးဌာနက ဦးအောင်ဆန်းဝင်းကတော့ စုံတွဲကို တိုင်းပြည်ကနေ ထွက်သွားဖို့ အကြံပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးဖို့ အကြောင်းပြချက် မရှိဘူးလို့ ပြောတဲ့အကြောင်း Asian Correspondent သတင်းက ရေးပါတယ်။

ခြေထောက်မှာရှိတဲ့ တက်တူးဟာ ဘာသာရေးကို စော်ကားတယ်လို့ တချို့က မြင်နိုင်တဲ့အတွက် လုံခြုံရေးကို အဓိကထား ဂရုစိုက်ဖို့ ပြောကြားခဲ့တယ်လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ - Wira YaThs

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013