DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားများထံ ငွေလိမ်တောင်းနေသည့် ရဲဝန်ထမ်းဟောင်းတဦးကို ဖမ်းဆီး
DVB
·
July 12, 2016
ရွှေ့ပြောင်းအလုပ်သမားများထံ ငွေလိမ်တောင်းနေသည့် ရဲဝန်ထမ်းဟောင်းတဦးကို ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ ၀န်ထမ်းအမည်အလွဲသုံးစားလုပ်ပြီး နိုင်ငံခြားရွှေ့ပြောင်း အလုပ်သမားများထံ ငွေလိမ်တောင်းနေတဲ့ ရဲဝန်ထမ်းဟောင်း တဦးကို ဖမ်းဆီးရမိတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အရင်က အမှတ် ၅ တိုင်းဒေသ ပြည်သူ့ရဲတပ်ဖွဲ့မှာ ရဲတပ်ကြပ်ကြီးအဆင့် တာဝန်ထမ်းဆောင်ဖူး သူ  နိုင်းနတ်သ်ဝပ် ခေါ် နိုင်းရတ်သဖုန်း အသက် ၄၈ နှစ်ဟာ သူ့ကိုယ်သူ ရဲအုပ်လို့ ပြောဆိုပြီး ချင်းမိုင်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ရွှေ့ပြောင်းအလုပ်သမား အ၀ိုင်းအ၀ိုင်းကြား ၀င်ရောက်ကာ အကြောင်းအမျိုးမျိုးပြ ငွေကြေးလိမ်လည်တောင်းယူမှုတွေရှိကြောင်း တိုင်ကြား ချက်ရတဲ့အတွက်  စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးလိုက်တာလို့  အမှတ် - ၅ တိုင်း ရဲတပ်ဖွဲ့ ရဲမှူးကြီးက ဇူလိုင်လ ၁၁ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နိုင်းနတ်သဖုန်းဟာ မယ်ဟောင်ဆောင်ခရိုင် မယ့်ဆရီးယန်းမြို့နယ်မှဖြစ်ကာ ယခင်ကတော့ ရဲဝန်ထမ်းဖြစ်ခဲ့ကြောင်း၊ ဒါပေမယ့် ဌာနတွင်းလာဘ်စားမှု ရှိခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အလုပ်ဖြုတ်ခံခဲ့ရတာလို့ ရဲမှူးကြီးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013