DVB Logo
Home
မြန်မာသတင်း
The Ladies သတင်းထောက်နှင့် အယ်ဒီတာကို သဲကုန်းမြို့နယ်တရားရုံးက အမိန့်ချ
DVB
·
July 12, 2016
The Ladies သတင်းထောက်နှင့် အယ်ဒီတာကို သဲကုန်းမြို့နယ်တရားရုံးက အမိန့်ချ
1 / 3
Donate to DVB

၂၀၁၃ ခုနှစ်က တရားစွဲထားတဲ့ သတင်းထောက်တဦးနဲ့ အယ်ဒီတာတဦးကို ဒီနေ့ သဲကုန်းမြို့နယ်တရားရုံးက အမိန့်ချလိုက်ပါတယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်ထုတ် The Ladies ဂျာနယ်မှာပါတဲ့ “သဲကုန်းမြို့နယ်တွင် အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦး လယ်ယာမြေတွေ သိမ်းယူ လေယာဉ်ကွင်းမဆောက်ဘဲ အကွက်ရိုက်ရောင်းစားနေ” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းရေးသားခဲ့တဲ့ သတင်းထောက် မောင်မဲ(ပြည်)၊ အယ်ဒီတာ ကိုစိုင်းစိုင်းနဲ့ ဒေသခံလယ်သမား ဦးပြုံးချို တို့ကို ကာယကံရှင် ဒုဗိုလ်မှူးကြီးအငြိမ်းစား ဦးခင်မောင်ဝင်းက အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားခဲ့တာ ဖြစ်ပါတယ်။

ရုံးချိန်းပေါင်း ၅၀ ကျော်ချိန်းဆို စစ်ဆေးခဲ့ပြီး ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ပဲခူးတိုင်း သဲကုန်းမြို့နယ်တရားရုံးက မြို့နယ်တရားသူကြီး ဒေါ်စိုးမာအေးက သတင်းထောက်နဲ့ အယ်ဒီတာကို ဒဏ်ငွေ ၂၀၀၀၀ ဒဏ်ငွေ မဆောင်နိုင်ပါက အလုပ်မဲ့ထောင်ဒဏ် ၆ လ ကျခံစေလို့ အမိန့်ချမှတ်လိုက်ပါတယ်။

သတင်း - မင်းညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013