DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးတရားခံဖမ်းလာသည့် ဒု-ရဲမှူးကို ဓားဖြင့်ခုတ်ပြီး တရားခံလုသွားသူများ ဖမ်းမမိသေး
DVB
·
July 11, 2016
မူးယစ်ဆေးတရားခံဖမ်းလာသည့် ဒု-ရဲမှူးကို ဓားဖြင့်ခုတ်ပြီး တရားခံလုသွားသူများ ဖမ်းမမိသေး
Donate to DVB

မေလ ၂၇ ရက်နေ့က ဝန်းသိုမြို့နယ် ကျွဲခြံကူးရွာမှာ မူးယစ်ဆေးဝါးတွေ့ရှိမှုနဲ့ ဖမ်းဆီးလာတဲ့ တရားခံကို လမ်းမှစောင့်ကာ ဒုရဲမှူးကို ဓားနဲ့ ခုတ်ပြီး ခေါ်သွားတဲ့ တရားခံတွေကို ၁ လကျော်ကြာတဲ့အထိ ဖမ်းမမိသေးဘူးလို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်ကျွဲခြံကူးရွာမှာ မူးယစ်ဆေးဝါးဖမ်းဆီးရာ ဒုရဲမှူးတဦး ဓားနဲ့အခုတ်ခံရမှုမှာ မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် ၀န်းသိုမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးအဖွဲ့အပါအ၀င် အထူးစုံစမ်းစစ်ဆေးရေးဌာနနဲ့ ကောလင်း စခန်းမှူး ဒုရဲမှူးအဖွဲ့ဟာ ကျွဲခြံကူးရွာနေ ဒေါ်သေးရဲ့ လယ်တဲသို့ မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ဒေါ်သေးထံကနေ ဘိန်းဖြူ (၀ ဒသမ ၂၅)ဂရမ်လောက်ရှိ ပင်နင်ဆလင်ပုလင်း ၁ လုံး တွေ့ရှိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ တရားခံဒေါ်သေးကို ဝန်းသိုမြို့သို့ ခေါ်ဆောင်လာစဉ် ကျွဲခြံကူးရွာအဝင်မှာ ဒေါ်သေးရဲ့ ယောင်္ကျားဖြစ်သူ ဦးတင်အေးနဲ့ ဒေါ်သေးရဲ့သားတွေဖြစ်တဲ့ သိုင်းရှောင်၊ ကျော်ထူးနဲ့ အောင်ကျော်ကျော်တို့က ဝန်းသိုမြို့မရဲစခန်းမှူးနဲ့အဖွဲ့ကို ဓားနဲ့ ၀င်ရောက်ခုတ်ပြီး ဒေါ်သေးကို ပြန်လည်လုယူသွားခဲ့ရာ ဝန်းသိုမြို့မရဲစခန်းမှူးမှာ ဓားဒဏ်ရာ ရရှိခဲ့အတွက် ကောလင်းဆေးရုံသို့ တင်ပို့ကုသမှုခံယူခဲ့ရပါတယ်။

ဒါကြောင့် တရားခံတွေဖြစ်တဲ့ ဝန်းသိုမြို့နယ် ကျွဲခြံကူးရွာနေ ဒေါ်သေး၊ တင်အေး၊ သိုင်းရှောင်၊ ကျော်ထူးနဲ့ အောင်ကျော်ကျော် သူတို့ကို ဝန်းသိုမြို့မရဲစခန်းက (ပ)၄၀/၂၀၁၆ ပြစ်မှုပုဒ်မ ၃၃၃/၂၂၅/၁၁၄ နဲ့ အမှုဖွင့်ဆောင်ရွက်နေပြီး တရားခံလုယူမှုဖြစ်စဉ်ဖြစ်ပွားပြီး အချိန်တလကျော် ကြာတဲ့အထိ အဆိုပါဖြစ်စဉ်က တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013