DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းမြန်မာကျောင်းသား ၂၀ အတွက် ထိုင်းတက္ကသိုလ် ပညာသင်ဆုပေးအပ်
DVB
·
July 11, 2016
ရွှေ့ပြောင်းမြန်မာကျောင်းသား ၂၀ အတွက် ထိုင်းတက္ကသိုလ် ပညာသင်ဆုပေးအပ်
Donate to DVB

ထိုင်းနိုင်ငံ တာ့ခရိုင်တွင်းက ရွှေ့ပြောင်းမြန်မာကျောင်းသားအယောက် ၂၀ အတွက် ခရိုင်အ တွင်းရှိ Rajamangala University of Technology တက္ကသိုလ်မှာ ပညာသင်ကြားနိုင်ဖို့ ပညာသင်ဆုတွေ စတင်ပေးအပ်ပြီဖြစ်ပါတယ်။

ကလေးများဖွံ့ဖြိုးတိုး တက်ရေးစင်တာ(စီဒီစီ) ကျောင်းအုပ် ဆရာရွှေနှင်းက“အာဆီယံ ကော်မြူနတီ (အာဆီယံလူမှုအ၀န်းအ၀ိုင်း) တည်ဆောက်ဖို့အတွက်ပြီးတော့ ကျနော်တို့နဲ့ သူတို့ကလည်း အရင်ကတည်းက ဆက်ဆံရေးအားဖြင့်လည်း လေးငါးနှစ်လောက်က ရှိထားပြီးသားဆိုတဲ့ ပေါ်မှာ ကျနော်တို့ဒီနှစ်က ၁၂ တန်းအောင်ပြီးသူအပြင် တခြား Progrem တွေတက်တဲ့ သူကို ဦးစားပေးမယ်”လို့ ပြောပါတယ်။

ကျောင်းက စာသင်စရိတ်နဲ့ နေရာထိုင်ခင်းကိုထောက်ပံ့မှာဖြစ်ပေမယ့် စားရေးသောက်ရေးနဲ့  ကျန်းမာရေးနဲ့ သွားလာစရိတ်တွေကိုတော့ ကျောင်းသူကျောင်းသားကိုယ်တိုင်က တာဝန်ယူရ မယ်လို့လည်း ဆိုပါတယ်။

ဒီအစီအစဉ်ကို Lanna တက္ကသိုလ်အဖွဲ့နဲ့ သဘောတူညီမှုရရှိထားပြီး ဒီနှစ်သြဂုတ်လမှာ ပထမ အယောက် ၂၀ ကို စတင်ခေါ်ယူမယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ စီဒီစီကျောင်းအပြင် ဒုက္ခသည်စခန်းနဲ့ တခြားရွှေ့ပြောင်းကျောင်းတွေ ကို လည်း ချိတ်ဆက်ထားပြီး ဖောင်တွေ ကောက်ခံနေတယ်လို့လည်း ဆရာရွှေနှင်းက ပြောပါတယ်။

ဒီအစီအစဉ်ကို စိတ်ဝင်စားသူအနေနဲ့ သက်သေခံလက်မှတ် ၁၀ နှစ်ခံကတ် (သို့) မှတ်ပုံတင် ပတ်စပို့စ် ရှိရမှာဖြစ်ပြီး ၁၂ တန်းနဲ့အထက် ပညာအရည်အချင်းရှိရမှာဖြစ်သလို ထိုင်းဘာသာနဲ့ အင်္ဂလိပ်သာသာ ကျွမ်းကျင်သူကို ဦးစားပေး ခေါ်ယူသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီအစီအစဉ်အရ နည်းပညာနဲ့ပတ်သက်တဲ့ ဒီပလိုမာဘွဲ့နဲ့ ဘာချလာဘွဲ့ ၂ ခုရှိပြီး  ဒီပလိုမာဘွဲ့ အတွက် ၂ နှစ်၊ ဘာချလာဘွဲ့အတွက် ၅ နှစ်တက်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013