DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်အနီး မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုရန် မိုးဇလ အကြံပြု
DVB
·
July 11, 2016
ချင်းတွင်းမြစ်အနီး မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုရန် မိုးဇလ အကြံပြု
Donate to DVB

ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ်ကို ကျော်လွန်နေတာကြောင့် ချင်းတွင်းမြစ်တလျှောက်ရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အကြံပြုချက်ထုတ်ပြန်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မင်းကင်းမြို့နဲ့ ကနီမြို့တွေမှာ စိုးရိမ်ရေမှတ် အထက် ၂ ပေကျော်လွန်နေပြီး မော်လိုက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၄ ပေကျော်လွန်နေ တယ်လို့ မိုးဇလက ဒီနေ့မွန်းလွဲ ၁ နာရီမှာထုတ်ပြန်ပါတယ်။ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ လက်မ ကျော်လွန်နေတယ်လို့ဆိုပါတယ်။

ဒါကြောင့် မြို့နယ်အလိုက် ကော်မတီဥက္ကဌတာဝန်ရှိကြတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ကြီးကြပ်မှုနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ပူးတွဲပြီး အိမ်တွေ ရွှေ့ပြောင်းတာတွေ၊ ပစ္စည်းသယ်တာတွေ လုပ်ထားပါတယ်။

ဖောင်းပြင်မြို့၊ ကလေးမြို့၊ မင်းကင်းမြို့နဲ့ ကနီမြို့တွေမှာ လာမယ့်ရက်တွေမှာ ရေတပေလောက် ကျသွားနိုင်ပေမယ့် နောက်နှစ်ရက်ထိ စိုးရိမ်ရေမှတ်အထက်မှာပဲ ရှိနေကြဦးမယ်၊ မုံရွာမှာတော့ ပေ၀က်ခန့် ထပ်တက်နိုင်တယ်လို့  ဒီကနေ့မွန်း လွဲထုတ် မိုးဇလထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေးက “ရေက ဘယ်လိုပြောမလဲဆို ရေဦးပုံမှန်ကြီးသလိုပုံစံမျိုးပါပဲ။ ဟုမ္မလင်းနဲ့ခန္တီးမှာတော့ ကျောင်းတွေပိတ်ထားရပါတယ်။ ခန္တီးက တော့ ဒီကနေ့ ရေကျသွားပါပြီ။ ဟုမ္မလင်းလည်း အရင်ထက် ၂ ပေလောက် ပြန်ကျသွားပါပြီ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ခန္တီးမြို့မှာ  ရေကြီးစချိန်ကတည်းက ရေကြီးမည့် သတိပေး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးကော်မတီ အသီးသီးကို အကြောင်းကြားခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013