DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်သဖြင့် မုံရွာမြို့တွင် အနီရောင်အဆင့်သတ်မှတ်
DVB
·
July 11, 2016
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်သဖြင့် မုံရွာမြို့တွင် အနီရောင်အဆင့်သတ်မှတ်
Donate to DVB

ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၄ နာရီခွဲအချိန် တိုင်းတာချက်များအရ ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ စိုးရိမ်ရေအမှတ် ၁၀၀၀ စင်တင်မီတာကျော်လွန်သဖြင့် အ၀ါရောင်မှ အနီရောင် အဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ဒီနေ့ မနက် ၄ နာရီကျော်အချိန်က စတင်ကျော်လွန်ခဲ့တာဖြစ်ပါတယ်။ ထိုကဲ့သို့ ကျော်လွန်တဲ့ အတွက် ရေကင်းတဲတွေကို ၂၄ နာရီချထားပြီး စောင့်ကြည့်စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းတာချက်များအရ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ ၁၁၈၅ စင်တင်မီတာ၊ ဟုမ္မလင်းမြို့မှာ ၂၉၃၃ စင်တင်မီတာ၊ ဖောင်းပြင်မြို့မှာ ၁၃၈၉ စင်တင်မီတာ၊ မော်လိုက်မြို့မှာ ၁၃၅၆ စင်တင်မီတာ၊ ကလေးဝမြို့မှာ ၁၆၁၇ စင်တင်မီတာ၊ မင်းကင်းမြို့မှာ ၁၄၁၇ စင်တင်မီတာ၊ ကနီမြို့မှာ ၁၁၉၂ စင်တင်မီတာနှင့် မုံရွာမြို့မှာ ၁၀၀၅ စင်တင်မီတာများသို့ အသီးသီးရောက်ရှိနေကြောင်း မိုးဇလ က သိရပါတယ်။

စိုးရိမ်ရေအမှတ်ကျော်လွန်နေလို့ ချင်းတွင်းမြစ်ကြောင်းသွား မော်တော်တွေကို ယာယီရပ်ဆိုင်း ထားပြီး ဖြစ်ပါတယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013