DVB Logo
Home
မြန်မာသတင်း
ဂျပန်မစ်ဆူဘစ်ရှီကော်ပိုရေးရှင်းနှင့်မြန်မာကုမ္ပဏီများပေါင်းပြီး ဒေါ်လာသန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်
DVB
·
July 11, 2016
ဂျပန်မစ်ဆူဘစ်ရှီကော်ပိုရေးရှင်းနှင့်မြန်မာကုမ္ပဏီများပေါင်းပြီး ဒေါ်လာသန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်
1 / 3
Donate to DVB

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဂျပန်နိုင်ငံ မစ်ဆူဘစ်ရှီ ကော်ပိုရေးရှင်း (Mitsubishi Corporation) ကုမ္ပဏီကြီး ၃ ခုနဲ့ ပြည်တွင်း ကုမ္ပဏီကြီးတွေပေါင်းပြီး ရန်ကုန်မြို့ ဖွံ့ဖြိုးရေးစီမံကိန်း စတင်တော့မယ်လို့ ဂျပန် အန်အိပ်ကေသတင်းဌာနက ကြေညာသွားပါတယ်။

ရန်ကုန်မြို့လယ်ပိုင်းက  ၄ ဧက အကျယ်အ၀န်းမှာ လုပ်ဆောင်မယ့် ဒီအကြီးစား ဆောက်လုပ်ရေး စီမံကိန်းကြီးကို ၂၀၂၁ ခုနှစ် မတ်လမှာ အပြီးသတ်မှာဖြစ်ပါတယ်။

မစ်ဆူဘီရှိ ကော်ပိုရေးရှင်းနဲ့ မစ်ဆူဘီရှိအိုးအိမ်ကုမ္ပဏီတို့ဟာ အစိုးရနဲ့ပုဂ္ဂလိက ကဏ္ဍက ကမကထပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေနဲ့ ပူးတွဲဆောင်ရွက်ကြမှာဖြစ်ပါတယ်။

ဒီစီမံကိန်းထဲမှာ ၂၄ ထပ်ပါ ရုံးအဆောက်အအုံ ၂ ခု၊ ၂၆ ထပ် ကွန်ဒိုလူနေ အဆောက်အအုံ၊ ၂၇ ထပ် ဟိုတယ်နဲ့ စားသောက်ဆိုင်အဆောက်အအုံတို့ ပါဝင်ပါတယ်။ ဒီအဆောက်အဦတွေမှာ စားသောက်ဆိုင်တွေနဲ့ တခြားစီးပွားဖြစ်ဆိုင်ခန်းတွေ အများအပြား ပါဝင်မှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲပြီးနောက်ပိုင်း နိုင်ငံတကာကနေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တရှိန်ထိုးတိုးတက်လာမယ့်အပေါ် အဆင့်မြင့်ဟိုတယ်တွေ အပါအ၀င် အခြေခံ အဆောက်အအုံတွေ အဆင်သင့်မလုံလောက်ဖြစ်နေမှုကို ဒီစီမံကိန်းက အထောက်အ ကူပြုစေလိမ့်မယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ၂၀၁၆ ခုနှစ်အတွင်း ဂျပန်စီးပွားရေးလုပ်ငန်းကြီး ၃၁၃ ခု ၀င်ရောက်လာခဲ့ပြီး ၅ နှစ်အတွင်း ၆ ဆ ပိုများလာတယ်လို့လည်း သတင်းထဲမှာ ထည့်သွင်းပြောသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013