DVB Logo
Home
မြန်မာသတင်း
မြန်မာ ၃ ဦး မလေးရှားနိုင်ငံ၌ အသတ်ခံရ
DVB
·
July 11, 2016
Donate to DVB

မလေရှားနိုင်ငံ ပီနန်ပြည်နယ် ဘူကစ်မာတာဂျမ်မှာ မြန်မာနိုင်ငံသား ၃ ဦး အသတ်ခံခဲ့ရတယ်လို့ မလေးရှား သည်စတား အွန်လိုင်သတင်းတပုဒ်မှာဖော်ပြပါတယ်။

လိုယောင်း နာဂါဆာရီ ၁ ရပ်ကွက် က နေအိမ်တအိမ်မှာ ရက်ရက်စက်စက် အသတ်ခံရထားရတဲ့ မြန်မာ ၃ ဦးကို တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူ ၂ ဦးက နေအိမ်အထဲမှာတွေ့ခဲ့ရတာဖြစ်ပြီး ၁ ဦးကတော့ အိမ်အပြင်မှာတွေ့ရှိခဲ့တာပါ။

မလေးရှား မှုခင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်တဲ့အကြောင်းနဲ့ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကိုပို့ ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တိုက်ခိုက်သတ်ဖြတ်သွားသူတွေဟာ တနင်္လာနေ့ မနက် ၆ နာရီလောက်က အခင်းဖြစ်ပွားရာ နှစ်ထပ်တိုက်တန်း နေအိမ်ကို လာရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါအိမ်ဟာ နာဂါဆာရီစက်မှုဇုံ ဧရိယာမှာ နိုင်ငံခြားသားအလုပ်သမားတွေကို အဆောင် အဖြစ် အသုံးပြုခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

အသတ်ခံရပြီး သေဆုံးသွားသူတွေရဲ့ အမည် အသက်အရွယ်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရ သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013