DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် တရားမ၀င် ၀င်ရောက်လာသူ တဦးကို ဖမ်းဆီး
DVB
·
July 10, 2016
မူဆယ်တွင် တရားမ၀င် ၀င်ရောက်လာသူ တဦးကို ဖမ်းဆီး
Donate to DVB

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်လာသူတဦးကို မူဆယ်ရဲက ဖမ်းထားပါတယ်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာက ဘစိန်(ခ) ကာ မဟူစိန်(ခ) အဒူဟာမွတ် ဆိုသူကို ဖမ်းမိတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရတဲ့ ရည်ရွယ်ချက်၊ နောက်ကွယ်ရှိ သံသယဖြစ်ဖွယ် ကွင်းဆက်တွေကို ဖော်ထုတ်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

သူဟာ ၂၀၁၁ ခုနှစ်က ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာမှ ထိုင်းနိုင်ငံကို တရားမဝင် ထွက်ခွာခဲ့ရာ ဘန်ကောက်ဆိပ်ကမ်းမှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ် ပေးခံခဲ့ရတယ်။

ထောင်မှလွတ်ပြီး ဘန်ကောက်မြို့အနီးရှိ UNHCR ဒုက္ခသည်စခန်းမှာ ၄ နှစ်နေထိုင်ခဲ့ပြီး  တခါ ၂ဝ၁၆ ခုနှစ် မတ်လမှာ မဲဆောက် မြို့ အိုပီယမ်း ဒုက္ခသည်စခန်းမှာ ၁ လ နေထိုင်ခဲ့ပါတယ်။

အဲ့ဒီကနေ ဧပြီလအတွင်း မြဝတီမြို့မှ ဘားအံ-မန္တလေး-မူဆယ်မြို့တွေကို အဆင့် ဆင့်သွားရောက်ပြီး မူဆယ်ကနေ တရုတ်ပြည် ရွှေလီမြို့ကို တရားမဝင် လမ်းကြောင်းက တဆင့်သွားရောက်ခဲ့ရာမှာ တရုတ်ရဲက ဖမ်းပြီး တရားမ၀င် ၀င်ရောက်မှုနဲ့ ထောင် ၂ လ ချခဲ့ပါတယ်။

ဇူလိုင် ၇ ရက်မှာ တရုတ်ထောင်ကလွတ်တော့ သူ့ကို တရုတ်ရဲတွေက မူဆယ်-ကြယ်ဂေါင် နယ်စပ်ခြံစည်းရိုး တစ်နေရာရှိ တရားမဝင် ခိုးပေါက်မှ မူဆယ်ဘက်ကို သွားခိုင်းခဲ့တယ်လို့ ရဲမှတ်တမ်းက ဆိုပါတယ်။

ဇူလိုင် ၈ ရက်မှာ မူဆယ်ကနေ မန္တလေးကို မူဆယ်သူ ယာဉ်လိုင်းနဲ့ သွားနေတုန်း မူဆယ်ရဲက ဖမ်းမိခဲ့တာဖြစ်ပြီး မူဆယ်မြို့မ ရဲစခန်းက (ပ)၂၇၇/၁၆ လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013